အခန်း - ( ၆ )

324 42 0
                                    

#ပုံရိပ်ယောင်

အခန်း - ၆

======

ကျွန်မနာမည်က ဇူလိုင် ပါ..

ကျွန်မဟာ ကျွန်မနဲ့ နေခြည်ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ လူသတ်သမား လက်ကပြေးရင်း ချောက်ထဲကျသွားခဲ့တယ်

ကျွန်မနိုးလာတော့

ကျွန်မအတိတ်...ကျွန်မဘာတွေဖြစ်ခဲ့လဲ...အကုန်လုံးကို...သတိမရတော့ဘူး..

ဘယ်သူတွေက မိတ်ဆွေတွေလဲ...ဘယ်သူတွေက ရန်သူတွေလဲ...

ကျွန်မ ဘယ်သူ့ ကို ယုံရမှာလဲ။

လွန်ခဲ့တဲ့ရက်တွေက လူဆိုးနဲ့ တူတဲ့ လူတစ်ယောက်က ကျွန်မနောက်ကို လိုက်နေခဲ့တယ်

ကျွန်မသူ့ ကို သံသယရှိတဲ့သူစာရင်းထဲ ထည့်ထားခဲ့တယ်..

ဒါပေမယ့် အဲ့ဒီလူနဲ့ ဆေးရုံရှေ့ မှာ ဦးကျော်ကျော်နဲ့  စကားပြောနေတာကို ကျွန်မတွေ့ လိုက်ရပြီးနောက်မှာ ဦးကျော်ကျော်ကိုပါ ကျွန်မ မယုံရဲတော့ဘူး။

ဦးကျော်ကျော်ကရော ရိုးသားရဲ့ လား...

ဒေါ်မြသစ်နဲ့ ကေတီဗွီမှာ တွေ့ တဲ့သူကရော ဘယ်သူလဲ။

ပြီးတော့ စည်သူကလည်း ဦးကျော်ကျော်ကိစ္စကို ဖွေးဖွေးကို မပြောဘူး

စည်သူက ဘာကြောင့် ဖွေးဖွေးကို မပြောသလဲ။

စည်သူကရော ယုံကြည်ရရဲ့ လား

စသဖြင့် မေးခွန်းတွေဟာ တဖြည်းဖြည်း များများလာတယ်..

ဒီမေးခွန်းတွေရဲ့ အဖြေကို ကျွန်မသိအောင်လုပ်ဖို့ လိုတယ်...

ဘာပဲဖြစ်နေဖြစ်နေ ကျွန်မနဲ့  နေခြည်ကို လုပ်ကြံတဲ့သူကို ကျွန်မ ရအောင် ဖော်ထုတ်မှာပါ။

ဟုတ်ကဲ့...

ဒါ ကျွန်မအကြောင်းပါ....

----------- အတိတ် -------------

ဆယ်တန်းစာမေးပွဲတွေပြီးတော့ ကျွန်မတို့ သုံးယောက် ကွန်ပျူတာသင်တန်းတက်ကြသည်။

ကျွန်မတို့ အပြင် လှအောင်၊ မြပွင့်ဖူးငုံ၊ ခင်မူမူထွေး၊ ဇော်မျိုးဟိန်း၊ အေးမင်း ၊ စန္ဒာ တို့့လည်း ကျွန်မတို့ နဲ့ အတူလိုက်တက်ကြသည်။

ပုံရိပ်ယောင် (Illusion)Where stories live. Discover now