အခန်း - ၁၅ (ဇာတ်သိမ်းပိုင်း)

693 63 15
                                    

#ပုံရိပ်ယောင်

အခန်း - ၁၅ (ဇာတ်သိမ်းပိုင်း)

---------------

ကျွန်မနာမည်က ဇူလိုင် ပါ..

ကျွန်မဟာ ကျွန်မနဲ့ နေခြည်ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ လူသတ်သမား လက်ကပြေးရင်း ချောက်ထဲကျသွားခဲ့တယ်

ကျွန်မနိုးလာတော့

ကျွန်မအတိတ်...ကျွန်မဘာတွေဖြစ်ခဲ့လဲ...အကုန်လုံးကို...သတိမရတော့ဘူး..

ကျွန်မ အခု စန္ဒာအဖြစ်နဲ့ ခြေရာဖျောက်နေပါတယ်..

ကျွန်မအမတ်ကြီးနဲ့ တွေ့ ပြီး လေးလေးဆီအလုပ်လုပ်နေတဲ့သူတွေ့ကို စုံစမ်းခဲ့တယ်..

ဒါပေမယ့့် ညနေမှာပဲ အမတ်ကြီးသေသွားတာကို သိလိုက်ရတယ်..

ကျွန်မ ထက်နောင်နဲ့ မမျော်လင့်ဘဲ သွားတွေ့ မိတယ်..

ထက်နောင်ကို လေေးလးအထက်က လူတွေကို သတိပေးပေးဖို့ အကူအညီတောင်းခဲ့တယ်..

ုပြီးတော့ ကျွန်မ လေးလေးကို တည့်ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်..

ဆုံးဖြတ်ခဲ့တဲ့အတိုင်းပဲ ကျွန်မ လေးလေးကို သွားတွေ့ ခဲ့ပါတယ်..။

ကျွန်မ ဘာတွေ ဆက်ဖြစ်ဦးမလဲ..

ဟုတ်ကဲ့...

ဒါ ကျွန်မအကြောင်းပါ....

--------------------- အခု -----------------------

လေးလေးက ကျွန်မကို စိုက်ကြည့်နေရင်း ခေါင်းခါယမ်းသည်။

ပြီးတော့ လေးလေးက ကျွန်မ လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ကာ

"ညည်း..ညည်း..ဘယ်လို....ဟက်ဟက်"

လေးလေးက ခေါင်းခါယမ်းနေရင်းဖြင့် ရုတ်တရက် ဟက်ကနဲ့ ရယ်လိုက်သည်။

ကျွန်မ ပြုံးပြီး လေးလေးကို စိုက်ကြည့်နေလိုက်သည်။

လေးလေးက အံတစ်ချက်ကြိတ်လိုက်ပြီး ကျွန်မလက်မောင်းကို ပြန်လွှတ်လိုက်သည်။

ပြီးတော့ သူ့ တပည့်တွေဘက်ကို လှည့်ကာ

"သူ့ ကို ဧည့်ခန်းထဲ ခေါ်လာခဲ့..."

ပြီးတော့ ကျွန်မကို ခပ်တည်တည် တစ်ချက်ကြည့်ပြီး လှည့်ထွက်သွားသည်။

ပုံရိပ်ယောင် (Illusion)Where stories live. Discover now