အခန်း - (၄)

362 44 2
                                    

ပုံရိပ်ယောင်
အခန်း(၄)
======
ကျွန်မနာမည်က ဇူလိုင် ပါ..
ကျွန်မဟာ ကျွန်မနဲ့ နေခြည်ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ လူသတ်သမား လက်ကပြေးရင်း ချောက်ထဲကျသွားခဲ့တယ်
ကျွန်မနိုးလာတော့
ကျွန်မအတိတ်...ကျွန်မဘာတွေဖြစ်ခဲ့လဲ...အကုန်လုံးကို...သတိမရတော့ဘူး..
ဘယ်သူတွေက မိတ်ဆွေလဲ...ဘယ်သူတွေက ရန်သူတွေလဲ...
ကျွန်မ ဘယ်သူ့ ကို ယုံရမှာပါလိမ့်။
အခု ကျွန်မ ဖုန်းကနေဆက်သွယ်နေတဲ့ အမည်မသိလူကိုပဲယုံရမလား...
လျစ်လျူရူလိုက်ရမလား...
ဖွေးဖွေးနဲ့ သီဟစည်သူတို့ ကို ကျွန်မ ယုံကြည်ထားလိုက်ပေမယ့် သူတို့ ဟာ တကယ်ပဲ ယုံကြည်ထိုက်ရဲ့ လား
ဒေါ်မြသစ်ကျွန်မကို သတ်ဖို့ ကြိုးစားခဲ့တာ အမှန်ဆိုရင် သက်သေဘယ်လိုရှာရမလဲ
ကျွန်မနောက်က လိုက်လာတဲ့ လူကြီးကရော လူသတ်သမားလား..။
ဒီမေးခွန်းတွေရဲ့ အဖြေကို ကျွန်မသိဖို့ လိုလာခဲ့တယ်....
ဟုတ်ကဲ့...
ဒါ ကျွန်မအကြောင်းပါ....

=====အတိတ်=======

"မြပွင့်ဖူးငုံ"

"ရှိပါတယ်ရှင့်"

"ဇူလိုင်"

"ရှိပါတယ်ရှင့်

"သန္တာ"

".."

"သန္တာ ရှိလား"

"သန္တာမရှိဘူးဆရာမ"

"ဟင်ဟုတ်လား အဲ့ဒီတစ်ယောက်က ကျောင်းပျက်တာ နဲနဲကြာနေပြီနော်..ဘယ်လိုဖြစ်တာပါလိမ့်"

ဆရာမက အတန်းခေါ်ကြိမ် ကောက်ရင်း ပြောသည်။ ပြီးတော့ တခြားလူတွေကို ဆက်ခေါ်သည်။
ဟုတ်သည်။ အခုတလော သန္တာကို သိပ်မတွေ့ မိချေ။
သန္တာဆိုတာ ကျွန်မတို့ အတန်းရဲ့ အဟော့ဆုံး မိန်းကလေး။
လူပုံစံက ဟော့သလို စာကတည်း တအားတော်သည်။
သူက ကျွန်မတို့ ကိုးတန်း တန်းခွဲ (A) မှာ ခုံနံပါတ် (၃) ဖြစ်သည်။
ကျွန်မကတော့ ခုံနံပါတ်(၂) ပေါ့ ။
ဒါပေမယ့် ကျွန်မ ခုံနံပါတ် (၂) ရတယ်ဆိုတာ အသေအလဲ ကျက်ပြီး ရတာဖြစ်သည်။
ဒါပေမယ့် သူမကတော့ အမြဲ ပေါ့ပေါ့ပါးပါးပင်။ စာသိပ်လုပ်တာလဲ မတွေ့ ။
သူဟာနဲ့ သူ ပုံမှန်လုပ်ပြီး အဆင့်တွေကောင်းနေ....

"ဟဲ့ ထမင်းသွားစားမယ် ဘာတွေ တွေးနေတာလဲ "

ဖွေးဖွေးနဲ့ စည် ရောက်လာတာမို့  ကျွန်မအတွေးစ ပျက်သွားသည်။
ကျွန်မ ထမင်းချိုင့်ကို ယူပြီး သူတို့ နဲ့ အတူ အတန်းထဲကထွက်ခဲ့သည်။
ကျွန်မတို့ ကျောင်းတွင် အလွန် အရိပ်ကောင်းသော ကုက္ကိုလ်ပင်ကြီးရှိသည်။
ဘောလုံးကွင်း နဲ့ လည်းဝေး တိတ်လည်း တိတ်ဆိတ်တာမို့
အဲ့ဒီသစ်ပင်အောက်မှာပဲ ကျောင်းသား ကျောင်းသူ တချို့ က ထမင်းစားကြသည်။
ကျွန်မတို့ လည်း ငယ်ငယ်ကတည်းက ခုထိ အဲ့ဒီ သစ်ပင်အောက်မှာပဲ ထမင်းစားကြသည်။
ကျွန်မတို့ သစ်ပင်အောက်ရောက်သည်နှင့် ဖွေးဖွေးက ဖျာခင်းလိုက်သည်။
စည်ကတော့ အမြန်ထိုင်ကာ

ပုံရိပ်ယောင် (Illusion)Where stories live. Discover now