ကျွန်မနာမည်က ဇူလိုင် ပါ..
ကျွန်မဟာ ကျွန်မနဲ့ နေခြည်ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ လူသတ်သမား လက်ကပြေးရင်း ချောက်ထဲကျသွားခဲ့တယ်
ကျွန်မနိုးလာတော့
ကျွန်မအတိတ်...ကျွန်မဘာတွေဖြစ်ခဲ့လဲ...အကုန်လုံးကို...သတိမရတော့ဘူး..
ဘယ်သူတွေက မိတ်ဆွေလဲ...ဘယ်သူတွေက ရန်သူတွေလဲ...
ကျွန်မ ဘယ်သူ့ ကို ယုံရမှာပါလိမ့်။
အခု ကျွန်မ ဖုန်းကနေဆက်သွယ်နေတဲ့ အမည်မသိလူကိုပဲယုံရမလား
လျစ်လျူရူလိုက်ရမလား။
ဖွေးဖွေးနဲ့ သီဟစည်သူက တကယ်ကျွန်မကို လိမ်ညာနေကြတာလား။
ဒေါ်မြသစ်ကျွန်မကို သတ်ဖို့ ကြိုးစားခဲ့တာ အမှန်ဆိုရင် သက်သေဘယ်လိုရှာရမလဲ
သို့မဟုတ် ကျွန်မနောက်က လိုက်လာတဲ့ လူကြီးကမှ တကယ် တရားခံလား?
ဒီမေးခွန်းတွေရဲ့ အဖြေကို ကျွန်မသိဖို့ လိုလာခဲ့တယ်....
ဟုတ်ကဲ့...
ဒါ ကျွန်မအကြောင်းပါ....
=============================================
အတိတ်
---------------------
ဒီလို တဖြည်းဖြည်းနဲ့ ကျွန်မရယ် ဖွေးဖွေးရယ် စည်ရယ်
သုံးယောက်သား ခင်မင်မှုသက်တမ်းတွေက
တိုးလာခဲ့သည်။
ကျွန်မတို့ သုံးယောက်လုံးကိုးတန်းရောက်လာခဲ့သည်။
ဖွေးဖွေးဟာ ကိုရီးယားမင်းသမီးလေးလို့ ဖွေးသန့် လာသည်။
သူဌေးသမီးပီပီ ပစ္စည်းပစ္စယတွေ ၀ယ်သုံးနိုင်တော့ ကျောင်းမှာရေပန်းစားသည်။
ကျွန်မလဲ ဘာထူးလဲ။
အရင်ကလို ပိန်ကပ်ကပ်လေး မဟုတ်တော့။
တချို့ နေရာတွေမှာ အသားတွေ ပြည့်လာသည်။
တချု့ိနေရာတွေ သွယ်လာသည်။
အဖေကတော့ အမေတူ မိန်းမချောလေးလို့ ပြောတတ်သည်။
YOU ARE READING
ပုံရိပ်ယောင် (Illusion)
Детектив / Триллерကျွန်မနာမည်က ဇူလိုင် ပါ.. ကျွန်မဟာ accidentတစ်ခုကြောင့် သတိလစ်နေရာကနေ နိုးလာပြီးတဲ့နောက် ကျွန်မအတိတ်... ကျွန်မမိဘ... ကျွန်မသူငယ်ချင်း... ကျွန်မရန်သူ... ကျွန်မအလုပ်အကိုင်... ကျွန်မဘာတွေဖြစ်ခဲ့လဲ...အကုန်လုံး...မေ့သွားခဲ့တယ်.. ကျွန်မမေ့သွားတဲ့အရာတ...
