#ပုံရိပ်ယောင်
အခန်း - ၁၀
------------
ကျွန်မနာမည်က ဇူလိုင် ပါ..
ကျွန်မဟာ ကျွန်မနဲ့ နေခြည်ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ လူသတ်သမား လက်ကပြေးရင်း ချောက်ထဲကျသွားခဲ့တယ်
ကျွန်မနိုးလာတော့
ကျွန်မအတိတ်...ကျွန်မဘာတွေဖြစ်ခဲ့လဲ...အကုန်လုံးကို...သတိမရတော့ဘူး..
ဘယ်သူတွေက ကျွန်မမိတ်ဆွေတွေလဲ...ဘယ်သူတွေက ကျွန်မရန်သူတွေလဲ...
ကျွန်မ ဘယ်သူ့ ကို ယုံရမှာလဲ။
ပြီးတော့ ဖွေးဖွေးနဲ့ စည်သူကို အမည်မသိလူတွေက ဖုန်းထဲကနေ ခြိမ်းခြောက်နေခဲ့တယ်..
ဖုန်းထဲက သူတို့ ဟာ ကျွန်မအမှုကို မကူညီစေချင်ဘူး
သူတို့ တွေဟာ လူသတ်မှုနဲ့ ဆက်စပ်နေမလား
လေးလေးအိမ်က အပြန်မှာ ကျွန်မ ရဲတွေဖမ်းတာကို ခံခဲ့ရတယ်..
ကျွန်မကို စစ်မေးတဲ့ရဲကတော့ ကျွန်မငယ်သူငယ်ချင်း ဇော်မျိုးလွင်ဖြစ်နေတယ်..
ပြီးတော့ ဘယ်သူမှန်းမသိတဲ့သူတစ်ယောက်ယောက်က ရဲစခန်းကို ကျွန်မလက်ဗွေရာပါနေတဲ့ ဓားပို့ လိုက်တယ်...
ဘယ်သူမှန်းတော့မသိပေမယ့် အဲ့ဒီလူက ကျွန်မကို ထောင်ချောက်ဆင်နေပါတယ်..
အဲ့ဒီလူနဲ့ ကျွန်မကို ခြိမ်းခြောက်နေတဲ့သူတွေနဲ့ များ ဆက်စပ်နေမလား
ပြီးတော့ ကျွန်မမှာ စည်နဲ့ ရတဲ့ ကိုယ်ဝန်ရှိနေတာကို မထင်မှတ်ပဲ သိလိုက်ရတယ်..
ကျွန်မနဲ့ စည် အဲ့ဒီကိစ္စ ဆွေးနွေးနေတုန်း လူဆိုးတွေ ရောက်လာပြီး ကျွန်မတို့ ကို ဖမ်းခဲ့တယ်..
စည်ကတော့ ဓားဒဏ်ရာနဲ့ ကျန်ခဲ့တယ်..
ကျွန်မကတော့ ကားထဲပါသွားခဲ့ပါတယ်..
ရှင်းရင်း ရှင်းရင်း နဲ့ ရှုပ်ဆိုသလိုပဲ
မေးခွန်းတွေဟာ တဖြည်းဖြည်း များများလာတယ်..
ဒါပေမယ့် ဘာပဲဖြစ်နေဖြစ်နေ ဒီမေးခွန်းတွေရဲ့ အဖြေကို ကျွန်မသိအောင်လုပ်မှာပါ။
YOU ARE READING
ပုံရိပ်ယောင် (Illusion)
Mystère / Thrillerကျွန်မနာမည်က ဇူလိုင် ပါ.. ကျွန်မဟာ accidentတစ်ခုကြောင့် သတိလစ်နေရာကနေ နိုးလာပြီးတဲ့နောက် ကျွန်မအတိတ်... ကျွန်မမိဘ... ကျွန်မသူငယ်ချင်း... ကျွန်မရန်သူ... ကျွန်မအလုပ်အကိုင်... ကျွန်မဘာတွေဖြစ်ခဲ့လဲ...အကုန်လုံး...မေ့သွားခဲ့တယ်.. ကျွန်မမေ့သွားတဲ့အရာတ...