#ပုံရိပ်ယောင်
အခန်း - ၉
------------
ကျွန်မနာမည်က ဇူလိုင် ပါ..
ကျွန်မဟာ ကျွန်မနဲ့ နေခြည်ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ လူသတ်သမား လက်ကပြေးရင်း ချောက်ထဲကျသွားခဲ့တယ်
ကျွန်မနိုးလာတော့
ကျွန်မအတိတ်...ကျွန်မဘာတွေဖြစ်ခဲ့လဲ...အကုန်လုံးကို...သတိမရတော့ဘူး..
ဘယ်သူတွေက ကျွန်မမိတ်ဆွေတွေလဲ...ဘယ်သူတွေက ကျွန်မရန်သူတွေလဲ...
ကျွန်မ ဘယ်သူ့ ကို ယုံရမှာလဲ။
လွန်ခဲ့တဲ့ရက်တွေက ကျွန်မဟာ ကျွန်မကိုယ်ကျွန်မ လူသတ်သမားထင်ပြီး စိတ်ဓာတ်ကျနေခဲ့တယ်
ဒါပေမယ့် ကျွန်မကို ကျွန်မ လူသတ်သမားမဟုတ်မှန်း သိလိုက်ရပြီးတဲ့နောက်မှာ လူသတ်သမားဟာ ဘယ်သူလဲဆိုတာ ကျွန်မတို့ အရမ်းသိချင်သွားတယ်..
ပြီးတော့ ဖွေးဖွေးနဲ့ စည်သူကို အမည်မသိတဲ့ လူတွေက ဖုန်းထဲကနေ ခြိမ်းခြောက်နေခဲ့တယ်..
သူတို့ က ဖွေးဖွေးနဲ့ စည်သူကို ကျွန်မအမှုမှာ မကူညီစေချင်ဘူး
သူတို့ တွေဟာ လူသတ်မှုနဲ့ ဆက်စပ်နေလို့ များ ဒီအမှုမှန်ပေါ်အောင် မကူညီစေချင်တာလား
ပြီးတော့ ဘယ်သူမှန်းမသိတဲ့သူတစ်ယောက်ယောက်က ရဲစခန်းကို ကျွန်မလက်ဗွေရာပါနေတဲ့ ဓားပို့ လိုက်တယ်...
ဘယ်သူမှန်းတော့မသိပေမယ့် အဲ့ဒီလူက ကျွန်မကို ထောင်ချောက်ဆင်နေပါတယ်..
အဲ့ဒီလူနဲ့ ကျွန်မကို ခြိမ်းခြောက်နေတဲ့သူတွေနဲ့ များ ဆက်စပ်နေမလား
ဒီကိစ္စနဲ့ ပဲ လေးလေးအိမ်က အပြန်မှာ ကျွန်မ ရဲတွေဖမ်းတာကို ခံခဲ့ရတယ်..
ကျွန်မကို စစ်မေးတဲ့ရဲကတော့ ကျွန်မငယ်သူငယ်ချင်း ဇော်မျိုးလွင်ဖြစ်နေတယ်..
ရှင်းရင်း ရှင်းရင်း နဲ့ ရှုပ်ဆိုသလိုပဲ
မေးခွန်းတွေဟာ တဖြည်းဖြည်း များများလာတယ်..
ဒါပေမယ့် ဘာပဲဖြစ်နေဖြစ်နေ ဒီမေးခွန်းတွေရဲ့ အဖြေကို ကျွန်မသိအောင်လုပ်မှာပါ။
YOU ARE READING
ပုံရိပ်ယောင် (Illusion)
Mystery / Thrillerကျွန်မနာမည်က ဇူလိုင် ပါ.. ကျွန်မဟာ accidentတစ်ခုကြောင့် သတိလစ်နေရာကနေ နိုးလာပြီးတဲ့နောက် ကျွန်မအတိတ်... ကျွန်မမိဘ... ကျွန်မသူငယ်ချင်း... ကျွန်မရန်သူ... ကျွန်မအလုပ်အကိုင်... ကျွန်မဘာတွေဖြစ်ခဲ့လဲ...အကုန်လုံး...မေ့သွားခဲ့တယ်.. ကျွန်မမေ့သွားတဲ့အရာတ...
