အခန်း - (၅)

335 43 0
                                    

ပုံရိပ်ယောင်

အခန်း (၅)
=======

ကျွန်မနာမည်က ဇူလိုင် ပါ..
ကျွန်မဟာ ကျွန်မနဲ့ နေခြည်ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ လူသတ်သမား လက်ကပြေးရင်း ချောက်ထဲကျသွားခဲ့တယ်
ကျွန်မနိုးလာတော့
ကျွန်မအတိတ်...ကျွန်မဘာတွေဖြစ်ခဲ့လဲ...အကုန်လုံးကို...သတိမရတော့ဘူး..
ဘယ်သူတွေက မိတ်ဆွေလဲ...ဘယ်သူတွေက ရန်သူတွေလဲ...
ကျွန်မ ဘယ်သူ့ ကို ယုံရမှာလဲ။
လွန်ခဲ့တဲ့ရက်တွေက လူဆိုးနဲ့ တူတဲ့ လူတစ်ယောက်က ကျွန်မနောက်ကို လိုက်နေခဲ့တယ်
ကျွန်မသူ့ ကို သံသယရှိတဲ့သူစာရင်းထဲ ထည့်ထားခဲ့တယ်..
ဒါပေမယ့် အဲ့ဒီလူနဲ့ ဆေးရုံရှေ့ မှာ ဦးကျော်ကျော်နဲ့  စကားပြောနေတာကို ကျွန်မတွေ့ လိုက်ရပြီးနောက်မှာ ဦးကျော်ကျော်ကိုပါ ကျွန်မ မယုံရဲတော့ဘူး။
ဦးကျော်ကျော်ကရော ရိုးသားရဲ့ လား...
အဲ့ဒီလူဆိုးရုပ်ပေါက်နေတဲ့ လူကရော ဘယ်သူလဲ ဘယ်သူလဲ...လူသတ်သမားလား...
ဒေါ်မြသစ်နဲ့ ကေတီဗွီမှာ တွေ့ တဲ့သူကရော ဘယ်သူကြီးလဲ။
စသဖြင့် မေးခွန်းတွေဟာ တဖြည်းဖြည်း များများလာတယ်..
ဒီမေးခွန်းတွေရဲ့ အဖြေကို ကျွန်မသိအောင်လုပ်ဖို့ လိုလာတယ်...
ဘာပဲဖြစ်နေဖြစ်နေ ကျွန်မနဲ့  နေခြည်ကို လုပ်ကြံတဲ့သူကို ကျွန်မ ရအောင် ဖော်ထုတ်မှာပါ။
ဟုတ်ကဲ့...
ဒါ ကျွန်မအကြောင်းပါ....

=======  အတိတ်   ==============

ဇွဲနီသည် ငိုင်တိုင်တိုင်ဖြင့် လမ်းလျှောက်လာနေသည်။
တိတ်ဆိတ်နေသောကြောင့် သူ့ ခြေသံ တရှပ်ရှပ်ကိုသာ ကြားနေရသည်။
ကျွန်မ အသံပေးလိုက်သည်။

"ကိုဇွဲနီ"

သူကရုတ်တရက် လန့် သွားကာ သူ့ ကို ဘယ်ကခေါ်လိုက်တာလဲကို  လိုက်ရှာသည်။
ပြီးမှ ကျွန်မကို သစ်ပင်အောက်မှာ တွေ့ သောအခါ သူ ကျွန်မဆီ လျှောက်လာသည်။

ကျွန်မတို့ အဖွဲ့ တွေ တိုင်ပင်ကြပြီးနောက် ကျွန်မကိုသာ ကိုဇွဲနီ ကို စစ်မေးဖို့  တာဝန်ချလိုက်ကြသည်။
ကျန်တဲ့သူတွေက ခြုံတွေထဲ သစ်ပင်တွေထဲ ပုန်းနေသည်။
အရေးအကြောင်းဆို ထွက်လာမည်ဖြစ်သည်။

ကျွန်မက သူ အနားရောက်လာသည်နှင့် စကားစ ပြောလိုက်သည်။

"စကားပြောရအောင် ကိုဇွဲနီ"

ပုံရိပ်ယောင် (Illusion)Where stories live. Discover now