#ပုံရိပ်ယောင်
အခန်း - ၁၁
---------------
ကျွန်မနာမည်က ဇူလိုင် ပါ..
ကျွန်မဟာ ကျွန်မနဲ့ နေခြည်ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ လူသတ်သမား လက်ကပြေးရင်း ချောက်ထဲကျသွားခဲ့တယ်
ကျွန်မနိုးလာတော့
ကျွန်မအတိတ်...ကျွန်မဘာတွေဖြစ်ခဲ့လဲ...အကုန်လုံးကို...သတိမရတော့ဘူး..
ဘယ်သူတွေက ကျွန်မမိတ်ဆွေတွေလဲ...ဘယ်သူတွေက ကျွန်မရန်သူတွေလဲ...
ကျွန်မ ဘယ်သူ့ ကို ယုံရမှာလဲ။
လွန်ခဲ့တဲ့ရက်တွေက ကျွန်မမှာ ကိုယ်ဝန်ရှိနေတာကို သိလိုက်ရတယ်
ကျွန်မ စည့်ကို မေးကြည့်တဲ့အခါမှာ ကိုယ်ဝန်ဟာ စည်နဲ့ ရတာ ဖြစ်ကြောင်း သိလိုက်ရတယ်..
ကျွန်မတို့ စကားပြောနေတုန်း လူဆိုးတွေက ကျွန်မကို ဖမ်းသွားခဲ့တယ်..
အဲ့ဒီလူဆိုးဗိုလ်က ကျွန်မကို သတ်တဲ့ လူသတ်သမားဖြစ်နေတယ်..
ဒါပေမယ့် လူသတ်သမားဟာ တစ်ယောက်ယောက်က ခိုင်းတဲ့အတိုင်း လုပ်နေရတာကို
ကျွန်မ မထင်မှတ်ပဲ သိလိုက်ရတယ်..
ကျွန်မနဲ့ ဖွေးဖွေးဟာ သူ တို့ လက်က နေ ထွက်ပြေးဖို့ လုပ်ခဲ့တယ်..
ဒါပေမယ့် ကျွန်မတို့ ပြန်အဖမ်းခံခဲ့ရပါတယ်..
အခု ဘာတွေ ဆက်ဖြစ်ဦးမလဲ။
ဟုတ်ကဲ့...
ဒါ ကျွန်မအကြောင်းပါ....
--------------------- အတိတ် -----------------------
ကျွန်မ လေးလေးအိမ်ရှေ့ ကို ရောက်တော့ ကားကိုရပ်ကာ ဟွန်းတီးလိုက်သည်။
လေးလေး တပည့်တွေက ခြံတံခါးလာဖွင့်ပေးသည်။
ကျွန်မတို့ မြပွင့်ကို မတွေ့ တာ နှစ်ရက်ရှိပြီ။
သူမပျောက်ဆုံးသွားပုံက သွေးရိုးသားရိုးမဟုတ်သဖြင့်
ကျွန်မလည်း အရမ်း စိုးရိမ်နေမိသည်။
အခုမှ လေးလေးက ကျွန်မကို ခေါ်ထားသည့်ကိစ္စကို သတိရသဖြင့် ကျွန်မ လေးလေးဆီရောက်လာခြင်းဖြစ်သည်။
YOU ARE READING
ပုံရိပ်ယောင် (Illusion)
Детектив / Триллерကျွန်မနာမည်က ဇူလိုင် ပါ.. ကျွန်မဟာ accidentတစ်ခုကြောင့် သတိလစ်နေရာကနေ နိုးလာပြီးတဲ့နောက် ကျွန်မအတိတ်... ကျွန်မမိဘ... ကျွန်မသူငယ်ချင်း... ကျွန်မရန်သူ... ကျွန်မအလုပ်အကိုင်... ကျွန်မဘာတွေဖြစ်ခဲ့လဲ...အကုန်လုံး...မေ့သွားခဲ့တယ်.. ကျွန်မမေ့သွားတဲ့အရာတ...
