#ပုံရိပ်ယောင်
အခန်း - ၁၄
---------------
ကျွန်မနာမည်က ဇူလိုင် ပါ..
ကျွန်မဟာ ကျွန်မနဲ့ နေခြည်ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ လူသတ်သမား လက်ကပြေးရင်း ချောက်ထဲကျသွားခဲ့တယ်
ကျွန်မနိုးလာတော့
ကျွန်မအတိတ်...ကျွန်မဘာတွေဖြစ်ခဲ့လဲ...အကုန်လုံးကို...သတိမရတော့ဘူး..
ကျွန်မ အခု စန္ဒာအဖြစ်နဲ့ ခြေရာဖျောက်နေပါတယ်..
မနေ့ က အမေ့ကို သတ်ခဲ့တဲ့ ဆရာဝန်ကြီးကို လက်စားချေခဲ့တယ်..
ပြီးတော့ ကျွန်မဟာ လေေးလး အထက်မှာ ရှိနေတဲ့ အမတ်ကြီးတစ်ယောက်ကို သိလိုက်ရတယ်..
ဦးဥက္ကာတဲ့..
အဲ့ဒီလူကို ကျွန်မ စည်းရုံးဖို့ လိုတယ်..
ကျွန်မ စည်းရုံးတဲ့အခါ အမတ်ကြီးက ပါလာမှာလား..
ကျွန်မ ဘာတွေ ဆက်ဖြစ်ဦးမလဲ..
ဟုတ်ကဲ့...
ဒါ ကျွန်မအကြောင်းပါ....
--------------------- အတိတ် -----------------------
ပုံမှန်တင်ပြနေကျ အတိတ်အကြောင်းများက ဒီမှာ ပြီးဆုံးပြီဖြစ်ပါသည်။
ဒီအကြောင်းတွေကို စာဖတ်သူ နားလည်အောင် ကျွန်မ ပြောပြရလျှင်..
ကျွန်မ အဖေဆေးရုံတက်လိုက်ရတော့ အဖေ့နေရာမှာ ကျွန်မ၀င်လုပ်ရသည်။
အလုပ်လုပ်နေရင်း စည်သူ နဲ့ ကျွန်မ ပြတ်သည်။
ကျွန်မ ပေါက်ကွဲပြီး မသောက်စဖူး အရွဲ့ တိုက် အရက်သောက်သည်။
စည်သူနှင့် အတူ မှားယွင်းမိသည်။
ဒီနောက်မှာ ဖေဖေဆုံးသည်။
ဖေဖေဆုံးပြီး တစ်ပတ်နေတော့
အိမ်မှာ ဒေါ်မြသစ်နှင့် နေခြည်က အမွေကိစ္စဖြင့် ကျွန်မကို လုပ်ကြံဖို့ ကြံစည်သည်။
ဒါပေမယ့် နေခြည်က သူမအဒေါ်ကို ကျွန်မအား မလုပ်ကြံဖို့ တားမြစ်သည်။
ဒါတွေကို ကျွန်မ လျှို့ ဝှက်ကင်မရာကနေတွေ့ သည်။
လေးလေးဆီကို အဲ့ဒီအကြောင်း ပြောပြမိသည်။
YOU ARE READING
ပုံရိပ်ယောင် (Illusion)
Mistero / Thrillerကျွန်မနာမည်က ဇူလိုင် ပါ.. ကျွန်မဟာ accidentတစ်ခုကြောင့် သတိလစ်နေရာကနေ နိုးလာပြီးတဲ့နောက် ကျွန်မအတိတ်... ကျွန်မမိဘ... ကျွန်မသူငယ်ချင်း... ကျွန်မရန်သူ... ကျွန်မအလုပ်အကိုင်... ကျွန်မဘာတွေဖြစ်ခဲ့လဲ...အကုန်လုံး...မေ့သွားခဲ့တယ်.. ကျွန်မမေ့သွားတဲ့အရာတ...