ချစ်လား လို့ကျွန်တော်မေးတော့
ချစ်တယ်လို့သူကဖြေတယ်...~အလိုလိုပြုံးမိသွားတဲ့အထိ ပျော်သွားပေမဲ့
အသက်မပါတဲ့မျက်ဝန်းတွေနဲ့ကျွန်တော့်ကို....မကြည့်ဘဲဖြေလိုက်တဲ့သူ့စကားကြောင့်
နှလုံးသားရဲ့ဟိုးအဆုံး တနေရာမှာတော့
နာကျင်မှုလေးကို ခံစားလိုက်ရတယ်....~@ Disturbance @ EP-4
သရုပ်ဆောင်နေတာလား...~
လစ်လျူရှုနေတာလား....~
စာသင်ခန်းထဲမှာရှိတဲ့ Chanyeol က
ကျွန်တော့်ကိုဂရုစိုက်တတ်တဲ့
Chanyeol နဲ့လုံးဝမတူနေဘူး......သူကျွန်တော့်ကိုဘယ်လိုသဘောထားတာလဲ
ကျွန်တော်ကသူ့အတွက်ဘာလဲဆိုတဲ့မေးခွန်း
တွေကိုမေးနေမိတယ့်ကျွန်တော်~ကျွန်တော်သူ့တို့ခုံဘက်ကိုမျက်နှာမူရင်း
သူဒီဘက်ကိုမျက်နှာလေးလှည့်လာမလားလို့
မျှော်လင့်နေမိတယ်...~ကျွန်တော်လည်းသူနဲ့ပတ်သက်ရင်
မျှော်လင့်ချက်တွေနဲ့ပဲအသက်ရှင်နေရတယ်~သက်ပြင်းတိုးတိုးလေးတစ်ချက်ချမိရင်း
နှုတ်ကထွက်လာမိတာက...." မုန်း....လိုက်..တာ..~"
~ Disturbance ~
" ဒီနေ့ငါကျောင်းကားနဲ့ပဲ
လိုက်သွားတော့မယ်နော်
တပတ်မှာနှစ်ရက်လောက်တော့
တူတူပြန်ရအောင်"ရေကန်လေးရှေ့ မှာထိုင်နေတဲ့ Baekhyun..~
" ဟမ်...အော်အင်း..."
ကျွန်တော်ဒီနေ့လည်းသူနဲ့
တူတူပြန်ချင်နေခဲ့မိတာ
Park Chanyeol ဆိုတဲ့
သူနဲ့ရှိနေရတဲ့အချိန်တွေကို
ကျွန်တော် မြတ်နိုးနေမိနေပီလေ~" arr..Chanyeol ..ခဏ"
Baekhyun က Chanyeol ရဲ့လက်လေးကို
လှမ်းဆွဲလိုက်သည်...~လက်ကောက်ဝတ်လေးကို
ဖမ်းဆွဲလိုက်တဲ့ Baekhyun ကြောင့်
ဝတ်လာတဲ့သိုးမွေးအနွေးထည်ရဲ့
လက်ရှည်လေးကိုလက်ကောက်ဝတ်
အဆုံးထိ ပြန်ဖုံးချလိုက်တဲ့ Chanyeol...~Baekhyun လည်း Chanyeol ဖုံးလိုက်သည်ကို မသင်္ကာ၍
လက်ကောက်ဝတ်လေးကနေ အကျီလက်ကို
တံတောင်ဆစ်ထိ ဆွဲတင်ကြည့်လိုက်တော့...
![](https://img.wattpad.com/cover/113669716-288-k902553.jpg)
YOU ARE READING
Disturbance
Romanceပေးဆပ်ခြင်းရှိရင် ရယူခြင်း ဆိုတာကို မျှော်လင့်လို့ရတယ်မလား..............~ Fic Cover By AkariXing ❤