°°°°°°°•••• Disturbance EP-16 •••°°°°°°
' Hyuneee....´
စာသင်ခန်းထဲအဝင်မှာChanyeol တစ်ယောက်
Baekhyun ကိုလှမ်းဆွဲခေါ်လိုက်သည်..~' ငါ့ကိုမထိနဲ့.....´
Baekhyun ရဲ့မဆိုင်းမတွနဲ့
ပြန်ပြောလိုက်တဲ့စကားကြောင့်
Chanyeol မျက်လုံးလေး
အဝိုင်းသားဖြစ်သွားသည်...~'Hyunee... ကို..ပြော..´
' tsk.. ငါ့ကိုကျေးဇူးပြုပီးလွှတ်ပေးပါ..
ငါအာရုံတွေနောက်လာပီ....Park Chanyeol ´~ Park Chanyeol...Park Chanyeol တဲ့လား..
မင်းကိုမင်းလိမ်နေပြန်ပီ...မာကျောချင်ယောင်
ဆောင်နေပြန်ပီ...ဘယ်အရာကိစ္စမဆိုပွင့်ပွင့်လင်းလင်းဖြေရှင်းကြမယ်လို့မင်းပြောခဲ့တာလေ..~Yeollie လို့ ခေါ်နေကျ ကနေ
Park Chanyeol လို့မာကျောတဲ့အသံနဲ့
တုံ့ပြန်လိုက်တဲ့ကြောင့် Chanyeol လည်း
ဆွဲဆုပ်ထားတဲ့ Baekhyun ရဲ့လက်လေးတွေကို
ဖြေလျော့ပေးလိုက်သည်....သူအမြဲတမ်းမာကျောချင်ယောင်ဆောင်တယ်..
သူခံစားလွယ်ပီးဝမ်းနည်းလွယ်တာ
ကျွန်တော်အသိဆုံး...~မထိနဲ့လို့ လေသံမာနဲ့ငါ့ကိုတုံ့ပြန်ပေမဲ့
မင်းမျက်ဝန်းတွေမှာ ဝမ်းနည်းမှုအရိပ်လေးတွေ
ဖြတ်သွားတာကို ငါမြင်လိုက်တယ် Baekhyun...' သူ့ကိုအချိန်ပေးလိုက်ပါကွာ.....
ငါညနေကျရင်လည်း ပြောပြလိုက်ပါမယ်...´နောက်ကျောကပခုံးကိုလာဖက်ပီး
နှစ်သိမ့်တဲ့စကားဆိုလာတဲ့ Jackson...°°°°°°°•••••••• 💚💚💚💚💚•••••••••°°°°°°°°°°°
' ငါသူ့ကိုဆက်မချစ်နိုင်တော့ဘူး...
ငါပင်ပန်းတယ် .... Jackson...´လေသံဖျော့ဖျော့လေးနဲ့ဆိုလာတဲ့
Baekhyun ကြောင့် Jackson တစ်ယောက်..
သက်ပြင်းသာချမိသည်...' မင်းကိုငါရှင်းပြပီးပီပဲ...မင်းနားလည်ပေး
လိုက်လေကွာ...´' မဟုတ်ဘူး...Jackson...
ငါရေရှည်ကိုစဉ်းစားပီးပြောနေတာ...
သဘာဝကြီးကိုလွန်ဆန်ပီးတည်ဆောက်မဲ့
အချစ်တစ်ခုက..ဘယ်လောက်ထိခိုင်မြဲမှာလဲ...
ပိုချစ်မိတဲ့သူက ...အရှုံးတွေချည်းနဲ့ပဲ ကျန်ခဲ့မှာ...
ငါကျန်ခဲ့မှာ...ငါသူ့ကိုမချစ်လို့မဟုတ်ဘူး...
ငါသူ့ကိုဆက်ပီးမချစ်ချင်မိတော့တာ....
ငါချစ်သလောက်ငါပြန်ခံစားမှာ....ငါသိတယ်
ငါတစ်ယောက်တည်း...လေထဲ
တိုက်အိမ်ဆောက်နေရတဲ့အဖြစ်မျိုးတွေ
မလိုချင်တော့ဘူး....hk..
ငါအရမ်းပင်ပန်းနေပီ.....Jackson....´
YOU ARE READING
Disturbance
Romanceပေးဆပ်ခြင်းရှိရင် ရယူခြင်း ဆိုတာကို မျှော်လင့်လို့ရတယ်မလား..............~ Fic Cover By AkariXing ❤