ကျွန်တော် အချစ် ဆိုတဲ့အရာကို
ကြောက်ရွံမှုအနေနဲ့ သတ်မှတ်ထားတယ်..~လူတစ်ယောက်ကိုချစ်ရတာပင်ပန်းတယ်လို့
မတွေးခဲ့စဉ်က ကျွန်တော်လည်း
အချစ်ရဲ့ကျေးကျွန် တစ်ယောက်ပါပဲ..~©Disturbance© EP - 1
ကျောင်းကိုစောစောသွားပြီး
ဘယ်သူမှမရှိသေးတဲ့
စာသင်ခန်းထဲမှာစာပြန်ဖတ်ရတာက ကျွန်တော့်ရဲ့ဝါသနာတစ်ခုလိုဖြစ်နေပီ...~ကျွန်တော်ဆိုတာလည်းကျောင်းသားတကာ
အလယ်မှာ အထူးဆန်းဖြစ်နေပေမဲ့
စာတော့ကြိုးစားလို့ဆရာတကာရဲ့
မျက်နှာသာပေးမှူ တော့ရယူထားသူလေ...~ဘယ်သူနဲ့မှပေါင်းသင်းခြင်းလည်း
ကျွန်တော်မလုပ်ခဲ့ဘူး...မှန်မှန်ပြောရရင်တော့
ကျွန်တော့်ကိုသူငယ်ချင်းတော်ထားတဲ့
Chen နဲ့D.O ဆိုတဲ့ ဘေးခုံက
ကောင်လေးနှစ်ယောက်တော့ရှိတယ်..~စာသင်ခန်းကြီးကဘယ်သူမှမရှိရင်
တော်တော်အေးချမ်းတယ်..~
ဆူညံခြင်းမရှိ..တိတ်ဆိတ်မှုအပြည့်
ဖတ်လက်စမပီးသေးတဲ့စာအုပ်လေးကို
ဖတ်နေလိုက်တယ်...
ခဏနေရင်ဒီအခန်းကြီးက
ကျောင်းသားတွေအပြည့်နဲ့ဆူညံ
လာတော့မယ်လေ.....~" ဟေး...ဘာတွေဖတ်နေတာတုန်း
ဗြောင်ဘတ်..."လူကိုမော့မကြည့်ရုံနဲ့သိသာသည့်
အမောင်Chenရဲ့အသံ..~ဖတ်လက်စ စာအုပ်လေးထိပ်လေးချိုးပီး
စားပွဲပေါ်တင်လိုက်တယ်..စာဖတ်လို့ရတော့မှာ
မဟုတ်မှန်းကျွန်တော်သိတယ်လေ~"ဒီလိုပါပဲအဖေ့စာအုပ်စင်က မ လာတာ..~
ခုထိဘာကိုဆိုလိုမှန်းမသိသေးဘူး..."Chen တစ်ယောက်ထရယ်လေတယ်...
ကျွန်တော်ပြောတာကလည်းရယ်စရာ
လိုဖြစ်သွားတာကို..~"အဖြေတိုက်ရအောင်..ဒီနေ့စာအုပ်တွေ
ထပ်ရမှာ မင်းကအမြဲမှန်နေကျလေ...~"ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ Baekhyun လုပ်ပြရင်း
သူငယ်ချင်းနှစ်ယောက်သင်္ချာတွက်စာတွေ
အဖြေတိုက်နေကြတယ်..တဖြည်းဖြည်းနဲ့စာသင်ခန်းဆူညံလာမှ
သူတို့အဖြေတိုက်ခြင်းလည်းပီးဆုံးသွားခဲ့တယ်..
YOU ARE READING
Disturbance
Romanceပေးဆပ်ခြင်းရှိရင် ရယူခြင်း ဆိုတာကို မျှော်လင့်လို့ရတယ်မလား..............~ Fic Cover By AkariXing ❤