Disturbance Ep - 28

1.6K 200 13
                                    

လမင်းကြီးက ထိန်ထိန်သာ……
လမ်းမီးတိုင်ရောင်လေးတွေက
တပြောက်ပြောက်နဲ့ ခြောက်ခြားနေသလို……
ဒီလမ်းတွေ အမြဲတမ်း သွားလာနေပေမဲ့
ဒီအချိန်ကျ ကြောက်ရွံ့စိတ်တွေက……

Chanyeol မြန်မြန်လာပါတော့…~

ဒီနေ့ကျမှ ရာသီဥတုက အေးလာသလို
နှုတ်ခမ်းဖျားတွေ တုန်လာတာ
အအေးဒဏ်ကြောင့်လား…?
ကြောက်ရွံ့နေမိလို့လား…?

12 : 15 AM

15 မိနစ်စွန်းသွားခဲ့ပြီ………~

သူလာမှာပါနော် ကျွန်တော် ဘယ်အချိန်ထိ
စောင့်နေရမလဲဟင်……  မင်းလာမှာ ပါနော်

Chanyeol ငါ အေးလှပြီ…မြန်မြန်လာဖက်
ပေးထားပါလားဟင်……~

ဘာအသံတွေလဲ ……
လမ်းမီးတိုင်က ပိုးကောင်လေးတွေအသံ?

ရိပ်ခနဲ…… အပင်တွေလေယူရာယိမ်း?

ကြောက်တယ် Chanyeol…
မြန်မြန်လာပေးပါ ကျေးဇူးပြုပြီး……

12 : 20 AM

သွားပြီ ကျွန်တော်ဘဝ…
တော်လောက်ပြီထင်တယ်

အရူးတစ်ယောက်လို ရင်ခုန်နေခဲ့တာကို
တော်သင့်ပြီ…

သူမျက်နှာလေး မြင်ရုံနဲ့ ပြေသွားတတ်တဲ့
စိတ်တွေ တော်လောက်ပြီ…

မုန်းလိုက်တာ……Hk

ရူးလိုက်တာ Byun Baekhyun ရယ်
Omma ကိုတောင် စာတွေလျှောက်ရေး!
ရွေ့လေ ခြေထောက်တွေ…Shit …
ကျလာပြန်ပြီ ဒီ အရေးမပါတဲ့ မျက်ရည်တွေ!
မင်း ယေကျာ်းလေး မဟုတ်ဘူးလား……

ငါ့ကိုနောက်ထပ် မပြုစားပါနဲ့တော့……~

လေးလံတယ် ခြေလှမ်းတွေလှမ်းရတာ
အလာတုန်းက ရင်ခုန်လို့လေးလံနေခဲ့တဲ့
ခြေလှမ်းတွေက ခုကျတော့ ဝမ်းနည်းမှု
တွေတွဲခိုပါလာပြီး လေးလံနေပြီ……

ဘယ် ဘဝ ဝဋ်ကြွေးများလဲ…Chanyeol!

' ပါပီ…………………´

ဘာတွေ ကြားနေပြန်ပြီလဲ
အကြားအာရုံတွေ ချွတ်ယွင်း…
သေလိုက်တော့ Baekhyun

PCY pov : ဟာ ဒီပေါက်စ
ဘာတွေဖြစ်နေတာလဲ မောနေတာကို
ခေါ်မကြား အော်မကြား……

DisturbanceМесто, где живут истории. Откройте их для себя