Disturbance Ep 26

1.5K 186 17
                                    

' Wae … Omma ဘာပြောလိုက်တာ? ´

' မင်း အထက်တန်း နောက်ဆုံးနှစ်ကို
ကျောင်းပြောင်းရမယ်လို့……´

' ဘာလို့လဲ မပြောင်းနိုင်ပါဘူး……´

အိမ်ပြန်ရောက်ရောက်ချင်း Chanyeol
ခေါင်းခဲသွားရသည်……
သူ့ကိုကျောင်းပြောင်းရမည်တဲ့လေ…

' မင်း စိတ်ကစားတာလည်းတော်လောက်ပေါ့
ကျေနပ်ပြီမလား…… Omma က
မင်းကောင်းအောင် စီစဉ်ပေးတာနော်…´

' ဘာကိုလဲ ဘာကိုကျေနပ်ရမှာလဲ……´

' မင်း ဟိုကောင်လေးနဲ့ကိစ္စလေ…
Ommaအကုန်စုံစမ်းပြီးပြီ …
အဲ့ကောင်လေးက အဖေမရှိတော့ဘူးဆို
စာတော်ပေမဲ့ စာရိတ္တပျက်ပြားတယ်ထင်ပ´

' Omma ……Baekhyun က အဲ့လိုမဟုတ်ဘူး… မပြောပါနဲ့အဲ့လို´

' အော်…… စာရိတ္တပြည့်ဝတဲ့ကလေးက
ဒီလိုအရှက်ရစရာကိစ္စ ကိုကျူးလွန်မတဲ့လား
ပညာတတ်ပြီး စာရိတ္တပျက်ပြား……´

' Omma …… ´

Chanyeol အသားကုန်အော်မိလိုက်သည်
သူအနေနဲ့ ပူပူထူထူ ဘာပြန်ပြောရမှန်း
မသိအောင်ပင်……

' တော်သင့်ပြီ Chanyeol…
ရှေ့လထဲ Omma မိတ်ဆွေရဲ့
သမီးလေးနဲ့ စေ့စပ်ပေးမယ်……´

' ဘာ…… Omma  ဘာတွေပြောနေတာလဲ
ကျွန်တော်လက်မခံနိုင်ဘူးနော်…´

'လက်မခံနိုင်ရင် အိမ်ပေါ်ကဆင်းသွား
Appa ကိုပါပြောပြပြီး မင်းကို
အမွေဖြတ်မယ် ………´

Chanyeol  ပြောစရာစကားဆို့
ပျောက်ရှသွားသည်…
Omma ဘာမှမထိန်းချူပ်ပဲ အေးဆေး
နေနေတာ ဒီလိုတွေစီစဉ်နေခဲ့တာလား…
Appa သိသွားလို့ သူ့ကို
သားအဖြစ်က စွန့်လွှတ်မယ်ဆိုရင်ကော……

ဘယ်လိုလုပ်ရမလဲ……
Baekhyun သာဒီကိစ္စတွေသိသွားရင်
ဘယ်လိုခံစားရမလဲ …
အမြဲဒဏ်ရာတွေပဲပေးနေမိပြန်တာ
မုန်းတယ်……လောကကြီးရယ်……

' ငါတောင်းပန်ပါတယ် ပြန်လိုက်ပါတော့…´

' KyungSoo…… မင်း
မဆင်းမလာ မချင်း ငါမပြန်ဘူး……´

' ငါ့ကိုဒေါသထွက်အောင်မလုပ်နဲ့
မိုးတွေရွာနေတယ် ထီးမပါဘူးမလား…
ရူးမနေနဲ့ ပြန်တော့……´

DisturbanceOnde histórias criam vida. Descubra agora