Disturbance Ep- 15

1.7K 189 7
                                    

တည်ငြိမ်မရင့်ကျက်သေးတဲ့အရွယ်မို့
စိတ်ကစားတာပါဆိုတဲ့
အကြောင်းပြချက်မျိုးဖြစ်လာမှာကို
ငါအမြဲစိုးရိမ်မိတာ မင်းသိရဲ့လား.....~

°°°°°•••• Disturbance - EP 15 ••••°°°°°°°

' ခဏလေးဒီလိုလေး...နေပေးပါ...'

ကျွန်တော့်သူ့ရင်ခွင်ထဲမှာရသလောက်လေး
ခိုဝင်နေချင်မိတယ်....ကျွန်တော့်ရဲ့အချိန်မရွေး
လွယ်ကူစွာကျလာတတ်တဲ့ မျက်ရည်တွေကိုသူ့ကိုမမြင်စေချင်ဘူး...
ငါ့စိတ်တွေသိမ်ငယ်နေမိတယ် Chanyeol...~

Chanyeol လည်း Baekhyun ကိုယ်လေးကို
မြုပ်နေအောင်ဆွဲဖက်ထားလိုက်ပါတယ်...

' ဒီနေ့ကိုယ်စိတ်တွေရှုပ်နေမိတယ်...'

' အမ်...ဘာလို့လဲဟင်....'

' Arnyi...ဒီလိုပွဲလမ်းသဘင်တွေနဲ့
လူတွေရှုပ်တာကိုစိတ်ရှုပ်တယ်လို့ပြောတာ..'

အဖြေမဆီလျော်တဲ့အဖြေပေမဲ့...
ကျွန်တော်တကယ်စိတ်ရှုပ်နေတဲ့
အကြောင်းအရင်းကိုတော့သူ့ကိုပြောမပြခဲ့မိ....
မင်းနဲ့ပတ်သက်လာရင်အရာရာကိုတောင်
ငါစိုးရိမ်တတ်နေမိပီ...Baekhyun...~

°°°°°••••••••••• 💞 💞💞💞•••••••••°°°°°°°°

' yaa... Baekhyun....'

နောက်ကျောမှ အသံ ခပ်မာမာနဲ့
ကျွန်တော့်ကိုလှမ်းခေါ်လိုက်ခြင်း.....

' Wae? ....'

'Park Chanyeol ကြီးက
Two way ကြီးလား....Hkhk..'

' မင်း .....မင်း...'

' အပုလေးရယ်...စိတ်လျော့ပါဦး...
ဒီပုံလေးကိုကြည့်ပါဦး...
Unnie Missy က ပခုံးလေးမှီလို့.... နေပါဦး...အာ့ကျောင်းကပွဲတုန်းက
ဝတ်စုံလေးတွေမလား...အို....ကျွတ်စ်ကျွတ်စ်...
Unnie က IG မှာတောင်တင်ထားတာ...'

ဖုန်းထဲကပုံလေးတစ်ပုံကကျွန်တော့်ကို
ခဏတွင်းချင်း..မှင်သက်သွားစေခဲ့တယ်...
Missyဆိုတဲ့သူမ Chanyeolရဲ့ပခုံးအထက်မှာ
ခေါင်းလေးမှီပီးရပ်နေတဲ့ပုံလေး...~
သူမနဲ့သူလိုက်ဖက်လိုက်တာ....
စိတ်တွေစက္ကန့်ပိုင်းတွင်းရောထွေးသွားတယ်...
ကျွန်တော်ဘာပြန်ပြောရမလဲ....
မဟုတ်ဘူးလို့ပြောရမှာလား...
ငါမသိဘူးလို့ပြောရမှာလား...ဒါမှမဟုတ်...
ကျွန်တော်ဘာကိုဘယ်လိုပြန်ပြောရမှာလဲ...
သိမ်ငယ်စိတ်တွေဝင်လာပြန်ပီ...
ဒီလိုအရာတွေဖြစ်လာမယ့်ဆိုတဲ့အတွေးတွေ
ညတိုင်းလူကိုအိမ်မက်ဆိုးဖြစ်နေစေခဲ့တာ...
ကျွန်တော်ကသူ့အတွက်ဘာလဲ......
ငါက မင်းအတွက်ဘာလဲဟင် Chanyeol..~

DisturbanceTempat cerita menjadi hidup. Temukan sekarang