The Disturbance EP - 29

3.5K 241 15
                                    

ရပြီ ဘာမှမလိုတော့ဘူး…
သူ့လက်လေးကို ဆုပ်ကိုင်ရင်း
ရှုရှိုက်နေရတဲ့ ဝင်သက် ထွက်သက်တိုင်းက
အရာရာ  ပြည့်စုံသွားသလို့ပဲ…

အချစ် ဆိုတာ ချိုမြိန်ခြင်းကို အတိမပေးစွမ်း
သော်လည်း ခါးသက်မှုထက် ချိုမြိန်မှုက
ချစ်နေရသည်အတွက် ထိုက်တန်လှသည်

'ပါပီ… ကိုယ့်ကိုယုံကြည်ပေးလို့ကျေးဇူးပါ……
ကိုယ့်နောက်ကို လိုက်ခဲ့ပေးနိုင်တဲ့
သတ္တိတွေအတွက်လည်း ကျေးဇူးပါ…
အရာရာကို လစ်လျူရှုပြီး ကိုယ့်အနားမှာ
ရှိနေပေးတဲ့အတွက်ကော ……ကျေး…´

' တော်တော့ မောနေမယ် …
ကိုကို ကျေးဇူးတင်စရာမလိုဘူး
ပါပီ ရဲ့အချစ်က တန်ဖိုးကြီးလို့ ခုလို
ကိုကို ရင်ထဲ ပီတိဖြစ်နေတာမလား……
ကျေးဇူးတွေစွတ်တင်မနေနဲ့…
ကိုကို့ နောက်ကိုလိုက်ခဲ့တာလား
ကိုကို နောက်ကိုခေါ်ပါလို့ပြောခဲ့တာလား?
ကိုကို ကျေးဇူးတင်စရာမလိုဘူး…
တခုပဲ ကိုကို ……´

' အင်း ပါပီပြော……´

'ကိုကို အမြဲ ဘာတွေဖြစ်လာဖြစ်လာ
ပါပီ ကို အရင်တွေးပေးရမယ်
ပါပီ့စကားနားထောင်ရမယ်နော်…´

' ဟုတ်ပါပီ ဆရာလေးရယ်……´

အမလေး ဒီဆရာလေးလား
ထစ်ခနဲရှိ  ငိုတတ်တာ… အမလေးဗျာ
နှုတ်ခမ်းလေးကထော် လက်ညိုးကလည်း
ထိုးနေတာ မိုးထိတော့မယ်…
ချစ်လိုက်တာ ပါပီလေးရယ်……

Chanyeol လည်းအသည်းယားလာတာမို့
Baekhyun ကို ဆွဲဖက်ထားးလိုက်သည်…
ကားမောင်းနေတော့ Jackson ကတော့
မှန်ကတဆင့်သူတို့ကို ကြည့်ရင်ပီတိတွေဖြာ…

တီ တီ တီ Ph Ring × ~

' ဟျောင့်တွေ ရှူး မားဖုန်ဆက်တယ်´

Jackson အချက်ပေးတာမို့
နောက်ခန်းက Chan Baek နှစ်ယောက်
တိတ်တိတ်နေရင်းသာ…

' အဟမ်း အဟွတ်…… ဟဲလို ကိုကို……
ဟာ… အိုမား ယောင်လို့ ငါလည်း ဒုက္ခ´

' သွားနေပါတယ် အိုမားရဲ့
အဘွားဆီ ရောက်တော့မယ် ညနေက
အလုပ်ရှုပ်သွားလို့ ခုမှသွား…´

' အာ သိပါတယ် အိုမားရဲ့ အဘွားကို
စိတ်ချ ပြောလိုက်ပါမယ် ……ဒါပဲနော်´

DisturbanceDonde viven las historias. Descúbrelo ahora