နွေးထွေးမှုတွေပဲအလိုရှိခဲ့သော်လည်း
ပူလောင်မှုဒဏ်တွေကိုနှလုံးသားက
ခံစားလာခဲ့ရသောအခါ...~@Disturbance@EP-9
~...ကျွန်တော်မကြောက်ပါဘူး...
ဟုတ်တယ်...ကျွန်တော်မကြောက်ပါဘူး
ကျွန်တော်တို့အချစ်ခရီးလေးကခုမှအစပျိုးတုန်း
ရှိသေးတာဘယ်သူမှကျွန်တော်တို့ရဲ့
တဘဝစာအချစ်ခရီးလမ်းကြီးကို
ပိတ်ပင်လို့ရမှာမဟုတ်ဘူး
Park Chanyeol ဆိုတဲ့လူကြီးကိုကျွန်တော်
တဘဝလုံးပေးအပ်ပီးချစ်မှာ..~" Hyunee.. ဒီနေ့ကိစ္စကိုဘာမှခေါင်းထဲ
ထည့်မနေနဲ့နော် .."" မထည့်ပါဘူး...Park Chanyeol ကြီးကိုပဲ
ခေါင်းထဲထည့်ထားတာ.."ကျွန်တော်လိုချင်တာသူ့အပြုံး...
ကျွန်တော်ဖြစ်ချင်တာသူ့ပျော်ရွှင်မှု..
ခုလည်းကလေးလေးတစ်ယောက်လိုပဲ
ကျွန်တော်ရင်ခွင်ထဲခေါင်းလေး
တိုးဝင်နေပြန်တဲ့..Baekhyun..~" ပျော်လား...."
" ပျော်တာပေါ့...Yeollie နဲ့ကျောင်းတူတူသွား
တူတူပြန်ချင်နေတာ..ခုဆိုတူတူပြန်လို့လည်းရပီ
Yeollie လည်းအဆောင်ရောက်တာ
နောက်ကျတယ်ဆိုပီး...ရိုက်မခံရတော့ဘူး
Hyunee အရမ်းပျော်တယ် Yeollie ရယ်.."Chanyeol လည်း Baekhyun ကို
တိုက်ခန်းရှေ့အထိလိုက်ပို့ပေးပီး
သက်ပြင်းများသာချရင်းအဆောင်ကို
ဦးတည်လာခဲ့သည်..." ဒီနေ့ကော...ဘာတွေရင်ဆိုင်ရဦးမလဲ
ကံကြမ္မာရယ်...."~ Disturbance ~
" မင်းကြည့်နေတော့...အခြေအနေမကောင်းဘူး.."
အပေါ်သို့တက်လာချင်း Jong In
ထပြောလိုက်သောစကားကြောင့်
Chanyeol မျက်လုံးလေး
အဝိုင်းသားဖြစ်သွားပေမဲ့
ဘာကိစ္စဆိုတာရိပ်မိသည်မို့
သက်ပြင်းတချက်နဲ့သာတုံ့ပြန်လိုက်သည်..." နောက်ဆုံးနှစ်က အမကြီးတွေ
မင်းတို့အကြောင်းကိုသိသွားပီတဲ့....."Jackson က လေသံတိုးလေးနဲ့
ပြောလိုက်ပေမဲ့ဘေးက Jong In ကတော့
မျက်နှာမကောင်း.....~" Missy Nonna ကြောင့်ပဲမလား...
သူကဘာလဲငါတို့ဒီရောက်ထဲကနေ
လိုက်စုံစမ်းနေတုန်းကကျ အရိပ်တောင်ပေါ်မလာ..
ပေါ်လာပြန်လို့ ကျောင်းကိုလာတုန်းကလည်း ဘဲတပွေနဲ့..."
YOU ARE READING
Disturbance
Romanceပေးဆပ်ခြင်းရှိရင် ရယူခြင်း ဆိုတာကို မျှော်လင့်လို့ရတယ်မလား..............~ Fic Cover By AkariXing ❤