Chanyeol ya.…
သူလှည့်မကြည့်သွားပါဘူး…
ကျွန်တော်နှုတ်ဖျားက သူကို ခေါ်လိုက်သည်
မဟုတ်သောကြောင့်ဖြစ်မည်……Chanyeol …Chanyeol……
ကျွန်တော်စိတ်အာရုံတွေသာ သူဖတ်နိုင်
ကြားနိုင်ရင် ………ဒီနေ့ကျမှ လုပ်စရာအလုပ်များ
ကင်းမဲ့နေသလို … စာသင်ခန်းသည်လည်း
အမှိုက်များကင်းစင်လျက်……
သောက်ရေအိုး လည်း ရေပြည့်လျံလျက်……
မြူတမှုံမျှတောင် ကပ်မနေသော ပြတင်းပေါက်များ………လေပြည်အေးလေး က တွေဝေနေသော
စိတ်အစဉ်ကို စိုစွတ်သွားစေသယောင်…
မိုးသားနုတို့နဲ့ လွင့်စင်လာတော့……ကျောင်းဝန်းပြင်ကျယ်ကြီးကို
ပြတင်းပေါက်မှ လွမ်းလွမ်းဆွေးဆွေး
ကြည့် မိသည်…… တိမ်တွေရဲ့အရိပ်တို့က
ပုံဖော်ကြည့်တော့ အသည်းပုံလေး
ပေါ်လာသလိုပင်…လေပြင်းတွေကျလာရင်း
မိုးသည်းလာတော့ တိမ်သားလေးတွေ
လွင့်စင်သွားသည်… အသည်းပုံတိမ်ရိပ်လေး
ကွဲကြွေသွားသဖွယ်………ဒီနေ့လွမ်းဆွေးစရာတွေနဲ့ပြည့်နှက်နေပါလား
' Baekhyun တံခါးပိတ်လေ…
မိုးရေစိုမယ်ကွ……´Jackson …… အပြုံးနဲ့ပြောလာတဲ့
သူရဲ့စကားနောက်မှာ အားနာမှုပါနေသလို…
သူ ရော ထိုကလေးမလေးအကြောင်းကို
သိလေသလား……Byun Baekhyun သည် သံသယများစွာနဲ့
အတွေးတွေလွန်စွာ ရှင်သန်နေသူသာ ဖြစ်နေမိသည်………' မင်း သူ့ကိုသိလား……´
' အမ် ဘယ်သူ……´
' အာ…ဘာမှမဟုတ်တော့ဘူး……´
Chnayeol ကို Oppa လို့ခေါ်သွားတဲ့
ကလေးမလေးကို နှလုံးသားထဲက သေမလို
သိချင်နေမိသော်လည်း မာနလား
သိမ်ငယ်ခြင်းလားမသိ... နှုတ်ကထုတ်မမေးမိအရာရာ အဆင်ပြေသွားမှာပါ Baekhyun
မိမိကိုယ်သည်သာအားကိုးရာသဖွယ်ပင်…'Baekhyun ……´
လှည့်မကြည့်ချင်မိပါ……သို့သော်
နှလုံးသားစေခိုင်းရာအတိုင်းသာဆို
ပြေးသာဖက်ချင်နေမိသည်……
YOU ARE READING
Disturbance
Romanceပေးဆပ်ခြင်းရှိရင် ရယူခြင်း ဆိုတာကို မျှော်လင့်လို့ရတယ်မလား..............~ Fic Cover By AkariXing ❤