Disturbance Ep-10

2K 218 7
                                    

အချိန်အတိုင်းအတာတခုထိ
မင်းကိုစောင့်နေပေးနိုင်ပေမယ့်..
စောင့်ခိုင်းတဲ့မင်းကအနေဝေးပီး
သွေးအေးသွားခဲ့မယ်ဆိုရင်ကော....~

@ Disturbnce @ EP- 10

ကျွန်တော် Jacksonဘေးကခုံမှာ
ဝင်ထိုင်လိုက်တယ်
သူ့ ကိုမျက်နှာချင်းမဆိုင်ချင်မိလို့
လည်းပါပါတယ်...
ပြတင်းပေါက်ဘက်ကိုပဲ
မျက်နှာမူထားလိုက်ပါတယ်...
မိုးရေစက်လေးတွေကမှန်ပြတင်းပေါက်မှာ
တစ်စက်ချင်းစီတွဲခိုနေတဲ့မြင်ကွင်းလေးက
ရင်ထဲမှာငိုချင်လာသလိုလို...
Byun Baekhyun ဆိုတဲ့
ကျွန်တော်ဆိုတာဟာလည်း
Park Chanyeolနဲ့ပတ်သက်လာရင်
ယေကျာ်းလေးဖြစ်ပီးမျက်ရည်ကလည်း
လွယ်မိလိုက်တာ...Tsk..
ကိုယ့်ကိုကိုယ်တောင်မုန်းမိတယ်..

Park Chanyeol ကြီး
ကျွန်တော့်ကိုဘက်ကိုများ
ကြည့်နေမလားဆိုတဲ့ လိုရာဆွဲတွေးတဲ့
စိတ်ကလည်းတချက်ချက်ဝင်လာပီး
အတွေးတွေကလေထဲ
တိုက်အိမ်ဆောက်နေမိသေးတယ်...

" မနက်ကဘာစားခဲ့တုန်း Baekhyun.."

" Coffee ..."

" Ahh...မင်းလူကောင်မထွားလာတာအဲ့တာပေါ့
လူဆိုတာမနက်စာအဝစားရတယ်ကွ...."

Jackson ကကျွန်တော်ပြင်းနေမှာဆိုလို့
စကားတွေလိုက်ရှာပီးပြောနေမှန်း
ကျွန်တော်သိပါတယ်...
ဒါပေမယ့်ဒီအချိန်အရင်လိုစကားတွေ
ဟက်ဟက်ပက်ပက်မပြောနိုင်မိဘူး..
ကျွန်တော်တစ်ယောက်တည်း
အေးအေးဆေးဆေးလေးနေချင်နေမိတယ်...
အရာရာအားလုံးခဏလောက်
မေ့ထားရင်းပေါ့...~
နားကျပ်လေးတပ်ပီးတံခါးမှန်လေးဘေးကို
ခေါင်းလေးထောက်ပီးအိပ်စက်လိုက်တယ်...
တဖက်ခြမ်းကမိုးရေစက်လေးတွေရဲ့
အေးစက်မှုလေးတွေကကျွန်တော့်ပါးပြင်ကို
သက်ရောက်လာသလို..~

~ ခဏလောက်အရာရာကိုမေ့လိုက်ဦးမည်...~

3 hours Later.....

" ထတော့...အကုန်ကားပေါ်ကဆင်းကုန်ပီ..."

ကျွန်တော့်ကျောကိုလာရိုက်တဲ့သူကြောင့်
ကျွန်တော့်လန့်နိုးသွားခဲ့တယ်...
အသံကရင်းနှီးနေသလို...ဘယ်သူပါလိမ့်

" Chan..Chanyeol..."

" ထတော့.....အကုန်ဆင်းသွားပီ...
မိုးရေစိုနေတဲ့အကျီမလဲပဲနဲ့ 
အိပ်နေတာဖျားတော့မှာပဲ..."

DisturbanceWhere stories live. Discover now