°°°°°°•••••• Disturbance EP-17•••••°°°°°°°
တစုံတခုကြောင့်သိမ်ငယ်ရတိုင်း...
တစုံတခုကြောင့်ဆုံးရှုံးသလိုခံစားရတိုင်း..
ပထမဆုံးသတိရမိတာ Appa ကို....ကျွန်တော်လိုသမျှကိုလက်ညိုးညွှန်ရာ
ဝယ်ပေးခဲ့...အမြဲဂရုစိုက်ပေးခဲ့တဲ့ Appa..' ကျွန်တော်အရမ်း...သတိရတယ်..Appa..´
ဒီနေ့ကျမှအရမ်းသတိရနေသလိုပဲ...
သင်္ချာတွက်ရင်းအတွေးတွေနယ်လွန်နေမိရင်း...
ကျွန်တော့်တို့သားအမိ ကိုပစ်ပယ်သွားတဲ့
ကျွန်တော့ Appa ကိုသတိရနေမိတယ်...' သား....Baekhyun..´
' Nae Omma...´
မေမေ့မျက်နှာနွမ်းနေတဲ့ပုံပေါက်နေသည်...
အပြုံးလေးကတော့
ကျွန်တော်နဲ့စကားပြောတိုင်း
အမြဲဆင်မြန်းထားတတ်သည်လေ....' သား...မေမေပြောပြမယ်...
သားဝမ်းမနည်းရဘူးနော်..´' အမ်...ဘာလို့လဲ Omma....´
' .... သား Appa ဆုံးပီတဲ့...
ဒီနေ့မနက်၉နာရီခွဲက.....ရုတ်တရက်ကြီး...
ဦးနှောက်သွေးကြောပြတ်တာတဲ့..သား...´'......... ဗျာ...´
ကျွန်တော်ခေါင်းထဲလုံးဝလစ်ဟာသွားသလို...
ရင်ဘတ်ထဲတစုံတစုပေါက်ကွဲသွားသလို...' သား....မင်းAppa မိုက်လို့ခုလိုအသေစောရတာ...
Omma တို့ကိုသာသူပစ်ပယ်မထားခဲ့ရင်
သူအဲ့လိုဖြစ်မာမဟုတ်ဘူး...Omma အရမ်း...
အရမ်းစိတ်ပျက်မိတယ်...Omma မငိုဘူး..သား...လုးံဝမငိုဘူး
သူ့ဈာပနလည်းမသွားချင်ဘူး....
သူ့အကိုတွေကဒီနေ့သတင်းပေးတာကို
Omma မျက်ရည်မကျလို့တဲ့...
Omma ကိုအပြစ်တင်သွားကြသေးတယ်.
Ommaမှာကျစရာမျက်ရည်မရှိတော့ဘူး
ဆိုတာသူတို့မသိကြဘူးသားရယ်...
ခုထက်ထိအတ္တတွေနဲ့....´ပြတ်သားစွာပြောနေတဲ့ Omma ကိုတွေ့ရတော့
ကျွန်တော် တနည်းစိတ်ချမ်းသာရသည်..
Omma ပူပင်သောကရောက်မာကိုမလိုချင်မိ...
Appa ရဲ့လစ်လျူရှုမှုအပြည့်နဲ့ထားသွားတဲ့
ဒဏ်ရာကြောင့်လည်းကျွန်တော်မျက်ရည်တော့
မထွက်လာခဲ့...သို့ပေမယ့်....ဖခင်မလား..°°°°°°°°••• ❤❤❤❤❤ •••°°°°°°°
' Baekhyun....ဘာဖြစ်လာတာလဲ....
ဘာလို့ငိုနေတာလဲ...´
YOU ARE READING
Disturbance
Romanceပေးဆပ်ခြင်းရှိရင် ရယူခြင်း ဆိုတာကို မျှော်လင့်လို့ရတယ်မလား..............~ Fic Cover By AkariXing ❤