Disturbance EP-8

2.3K 237 7
                                    

အချစ်ဆိုတာကျွန်တော့်အတွက်
ပိုင်ဆိုင်ရယူခြင်းမရှိတဲ့
ပေးဆပ်ခြင်းသပ်သပ်သာ...~

@Disturbance@ EP-8

Chanyeol...~

အပျော်တွေတောင်ပျက်မိသည်...
ဒီစွဲငင်ငင်နဲ့ကျွန်တော့်နာမည်ကို
ခေါ်လိုက်တဲ့ အသံပိုင်ရှင်ကို
လှည့်မကြည့်ရုံနဲ့ကျွန်တော်သိသည်...

" နင်ကငါ့ကိုဘာလို့ရှောင်နေတာလဲ"

Chanyeolလည်းနောက်ကနေ
မရပ်မနားပြောနေသော
အသံပိုင်ရှင်ကြောင့်
လှည့်ကြည့်လိုက်သည်..

Chanyeol POV:

~ Noona Missy ပါ..ဟုတ်ပါတယ်
ကျွန်တော်သူ့အသံကို
ဘယ်ကနေကြားကြားမှတ်မိပါတယ်
တချိန်ကအချစ်ကြီးခဲ့လို့
သူမနဲ့ ပတ်သတ်သမျှက ကျွန်တော့်ခေါင်းထဲမှာ
သေရာပါမှတ်ဥာဏ်တွေဖြစ်နေပီလေ...~

" မရှောင်ပါဘူး.."

Chanyeol မျက်နှာလွဲကာပြောလိုက်သည်..
မျက်လုံးတွေကတော့အကြောင်းမဲ့
ကောင်းကင်ကြီးကိုသာကြည့်နေလျက်..~

" မနက်ဖြန်ကျရင်ကျောင်းက
ိုလုပ်အားပေးအနေနဲ့ငါလာမှာ..
ကျောင်းရှေ့ကရေကန်လေးမှာ
နင်မလာမချင်း ငါစောင့်နေမယ်Chanyeol.."

Chanyeol အဖြေတောင်မစောင့်ဘဲ
သူမတို့အဆောင်ဘက်ကိုကျောပေးပီး
ထွက်သွားသောသူမ....

Chanyeol POV:

~ သူအရင်လိုပဲ..ကျွန်တော့်ကိုအမိန့်တွေနဲ့
မျှော်လင့်ချက်တွေပေးနေတုန်းပဲ
ဒီအချိန်မှာပြန်တွေ့တာတောင် အမိန့်ပေးခြင်းနဲ့ပဲ...
အမိန့်တွေသာပေးနေဆဲ...~

Chanyeol လည်းလေးလံတဲ့ခြေလှမ်းတွေနဲ့
အဆောင်ကိုသာပြန်လာခဲ့လေသည်...
အပေါ်ထပ် ပြတင်းပေါက်လေးဖွင့်လိုက်တော့
သူ့ပါပီလေးရဲ့တိုက်ခန်းက
ဝရံတာနဲ့တန်းနေတာကိုမြင်တော့
ဆော့နကစိတ်ရှုပ်ခြင်းတွေတောင်
ကြက်ပျောက်ငှက်ပျောက်....~

" ဟျောင့်...အေးတယ်..တံခါးပိတ်..."

Jong In ငေါက်မှသတိရတယ်
လေစိမ်းတွေတိုက်နေတာအေးစိမ့်နေတာပဲကို
တံခါးကြီးဖွင့်ပီးသူရဲ့တိုက်ခန်းဝရံတာကို
ကြောင်ပီးကြည့်နေတာ
ခုမှ သွားတွေတောင် ခိုက်လာတယ်...ဂက်ဂက်

DisturbanceWhere stories live. Discover now