မျှော်လင့်ခြင်း နဲ့စတင်ခဲ့တဲ့ အချစ် တစ်ခုက
မျှော်လင့်ခြင်း နဲ့ပဲ အဆုံးသတ်ရမှာလား~© Disturbance © EP -3
အိမ်ပြန်ရောက်တော့တစ်အိမ်လုံးရဲ့
မှောင်မဲနေခြင်းကကျွန်တော့်ကို
ကြိုဆိုလိုက်တယ်"Omma ... Omma "
ကျောင်းသွားရတာလည်း
လုံးဝစိတ်မဖြောင့်ပါ~
ဒီအချိန် Ommaအနားမှာပဲ
ကျွန်တော်ရှိပေးချင်မိတာအမှန်...~
အခန်းတံခါးလေးဖွင့်လိုက်တော့....."Omma ....."
"သား...ပြန်လာပီလား..."
Omma ရဲ့အသံတွေရဲ့နောက်မှာ
စိုးရိမ်ပူပန်နေတဲ့ အရိပ်တွေကပ်ပါလာတာ
ကျွန်တော်သတိထားမိလိုက်တယ်
ငိုထားလို့လားလည်းမသိ..
မျက်ဝန်းညိုလေးကခုဆိုနီရဲနေလို့...~"သားအကိုကြီးဖုန်းဆက်တယ်
ဘဏ်ကနေငွေတွေလွှဲလိုက်မယ်တဲ့
Omma တို့သားအမိနှစ်ယောက်နေဖို့
တိုက်ခန်းကောင်းကောင်းလေးလည်း
Omma ရှာထားပီးပီ"ကျွန်တော်ဘာမှပြန်မပြောချင်တော့ပါ
ခေါင်းလေးပဲငြိမ့်ပြပီး Omma ရဲ့ရင်ခွင်ထဲကို
ကလေးလေးတစ်ယောက်လိုဝင်နေလိုက်တယ်"သားတစ်ယောက်လုံးရှိတယ် Omma..
Omma နဲ့သားအပြင်အကိုကြီးလည်းရှိတာပဲ
Appa အကြောင်းတွေးမနေနဲ့တော့နော်"Omma ရဲ့အသက်ရှုသံပြင်းပြင်းတွေ
ကျွန်တော်ကျောပြင်ပေါ်
သက်ရောက်လာတာကို
ခံစားရရုံနဲ့ Omma ကြိတ်ငိုနေတာကို
ကျွန်တော်သိလိုက်ပါတယ်...~~ Disturbance ~
ကျွန်တော်သူ့ကိုမနေ့ကတနေကုန်ကြည့်
နေမိခဲ့တာသူ့မျက်ဝန်းတွေထဲမှာသိမ်ငယ်မှုလေး
တွေတွဲခိုနေတာသိလိုက်ရတယ်...
တစ်စုံတစ်ခုကိုခံစားနေရသလိုလေး...~
ဒီနေ့လည်းမနေ့ ကထက်တောင် မှိုင်နေသလိုပဲBreak Time ⏰
" ငါဒီနေ့ထမင်းချိုင့်မပါဘူးကွ..
ခဏလောက်အပြင်ထွက်ပီး
လေကောင်းလေသန့်ရှုလိုက်ဦးမယ်နော်
စားပီးရင်လိုက်ချင်လိုက်ခဲ့ကြ"ကျွန်တော့်တွက်ထမင်းချိုင့်လုပ်ပေးဖို့
Omma အတွက်ဝန်ထုပ်မဖြစ်စေခဲ့ချင်လို့သာ
တကယ်တမ်းတော့ကျွန်တော်ဒီချိန်ရောက်ရင်
ထမင်းအလိုလိုငတ်လာနေပီ...~
YOU ARE READING
Disturbance
Romanceပေးဆပ်ခြင်းရှိရင် ရယူခြင်း ဆိုတာကို မျှော်လင့်လို့ရတယ်မလား..............~ Fic Cover By AkariXing ❤