°°°°°•••••• Disturbance EP-18 •••••°°°°°°°
သူရှိနေပေးလို့ကျွန်တော့်သိမ်ငယ်ခြင်းတွေ
ဝမ်းနည်းခြင်းတွေကပျော်ရွှင်ခြင်းတွေအဖြစ်
ရင်ထဲမှာတစနဲ့တစနေရာယူလာနိုင်ခဲ့ပါတယ်...
ဒီလောက်တော့ပျော်ရွှင်မှုတွေ နဲ့
ကျွန်တော် ထိုက်တန်တယ်မလား....~' Hyunee .... စာမေးပွဲကောင်းကောင်းဖြေနော်..´
' အွန်းပါ....´
' မဟုတ်တဲ့အတွေးတွေတွေးမနေနဲ့နော်...
Appa ကကောင်းရာနိဗ္ဗာန်ကိုရောက်မှာပါ...´Chanyeol ကတော့အားပေးစကားပြောပေမဲ့
ကျွန်တော်ရင်ထဲမှာတော့အားမရှိနိုင်ခဲ့ဘူး..
စာမေးပွဲရှိလို့ Appa ရဲ့အသုဘကိုတောင်
ကျွန်တော်ရှိနေမပေးနိုင်ခဲ့ဘူး..Appa ရဲ့
နောက်ဆုံးထွက်သက်ကိုမမှီခဲ့တဲ့
ကျွန်တော်ဟာ Appaရဲ့
နောက်ဆုံးခရီးကိုလည်း
လိုက်မပို့ပေးနိုင်ခဲ့ပါဘူး......
ကံတရားက ထိုက်တန်စွာနဲ့ကျွန်တော့်ကို
အပြစ်ပေးတယ်ထင်ပါ့......
ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ Appa...~°°°°°°°••••••• Disturbance •••••••°°°°°°°°°
' ခရစ်စမတ်ပိတ်ရက်ငါးရက်ကိုအိမ်ပြန်လို့ ရမယ်တဲ့..´
'....အင်း...ဟုတ်လား...´
' ကိုယ်အိမ်ပြန်မလို့...´
' အင်း...ပြန်လေ..Yeollie ´
' ...ရား...Hyunee ...´
Chanyeol တစ်ယောက် သူ့ကို
အင်း ပဲပြန်ပြောနေသည့် Baekhyun ကို
စိတ်ဆိုးလာသည်...' Wae...? ´
Baekhyunလေသံတိုးလေးနဲ့
ပြန်မေးရှာပါတယ်..
အမှန်တိုင်းပြောရရင်ဒီချိန်မှာ
သူငြင်းခုန်ချင်စိတ်မရှိပါ..
စိတ်တွေကလေယူရာလွင့်နေလို့
သူမနည်းပြန်လွန်ဆွဲနေရသည်လေ...Chanyeol ကလည်းခုလိုသူမှိုင်နေတာလေးကို
မမြင်ချင်မိလို့စကားလိုက်ရှာနေခြင်းသာ...' Hyunee ကအဲ့လိုမှိုင်မနေနဲ့လေ....
ရှေ့လဆိုပဲဒီဇင်ဘာရောက်ပီလေ...
သူပြောထားပီး ခုမှလာပီး
သူမသိချင်ယောင်ဆောင်နေတယ် ´ကလေးဆိုးကြီးလိုနှုတ်ခမ်းကြီးဆူပီး
မျက်မှောင်ကြုတ်ကာပြောနေတဲ့ Chanyeol ကိုတွေ့တော့ Baekhyun လည်း
မထိန်းနိုင်ဘဲရယ်မိသည်..
YOU ARE READING
Disturbance
Romanceပေးဆပ်ခြင်းရှိရင် ရယူခြင်း ဆိုတာကို မျှော်လင့်လို့ရတယ်မလား..............~ Fic Cover By AkariXing ❤