အခန်း ၃ ဖော်ထုတ်ခံရလို့ မဖြစ်တဲ့ အတိတ်က အရိပ်မဲကြီးတခု

1.7K 140 1
                                    

အဲဒီစကားဆုံးဆုံးချင်းမှာပဲ သာလိကာက တတွတ်တွတ်အော်ပြန်တယ်

"မင်္ဂလာပါ နေကောင်းလား ကြီးပွားချမ်းသာပါစေ ကြီးပွားချမ်းသာပါစေ ငါမင်းကို ပေးချင်တယ် အနမ်းတခု အနမ်းတခု အနမ်းတခု အနမ်းတခု အနမ်းတခု အနမ်းတခု အနမ်းတခု အနမ်းတခု..."

Peng Ze တခန်းလုံးကို ပတ်ရှာတယ် အဲဒီထူးဆန်းတဲ့ အသံကို ခြေရာခံဖို့ကြိုးစားတယ် နောက်ဆုံးမှာ ပြတင်းပေါက်ဟနေတဲ့ကြားထဲကနေ အနက်ရောင်ငှက်သေးသေးတကောင်ကို သွားတွေ့တယ် မျက်လုံးတောက်တောက်ပပလေးနဲ့ လည်ပင်းသေးသေးလေးကိုစောင်းပြီး နှုတ်သီးလေးကို ဖွင့်လိုက်ဟလိုက်နဲ့

"ဟာ တော်တော်လည်တဲ့ ငှက်ပဲ" Peng Ze အားရပါးရ ချီးကျူးလိုက်တယ်

"တော်တော်လည်တဲ့ငှက်ပဲ" သာလိကာက အတုခိုးဆိုတယ်

Peng Ze အားရပါးရရယ်မိတယ် ငှက်ကလည်း သူ့လည်ပင်းကို ဆန့်ပြီး ရယ်သံကိုပါ ထပ်ပြီးအတုခိုးအော်လိုက်တယ် "ဟားဟားဟား"

Peng Ze ငှက်နဲ့ခဏ ကစားနေလိုက်တယ် ခဏနေတော့ Xia Yao ဆီ ပြန်လှည့်လာပြီး မူရင်းလာရတဲ့ အကြောင်းဆီ ပြန်ရောက်သွားတယ် "ငါ့စကား တခါလောက် နားထောင်ပါကွာ ပျော်စရာကြီးပဲ ပြီးတော့ မင်းကို ပါတီပွဲဆီ မရမက ခေါ်လာခဲ့မယ်လို့ ငါဆရာ Dou ကို ကတိပေးထားတယ်"

Xia Yao ဆံပင်တချောင်းတောင် မလှုပ်ဘူး

"Yuan Ru လည်းလာမှာကွ" Peng Ze ထပ်ပြီး မဲဆွယ်ပြန်တယ်
တကယ်တော့ အဲဒီ နာမည်ကို ထုတ်ပြောလိုက်တာဟာ မီးထဲကို ဆီလောင်းထည့်လိုက်သလိုပါပဲ လုံးဝ အဲဒီနာမည်ကို မဟရင် အကောင်းဆုံးပါပဲ

"မင်းဘာတွေတွေးနေတာလဲ" Peng Ze မတတ်နိုင်တော့ဘဲ ဆိုမိတယ် "အနောက်မြောက်ပိုင်းက တရုတ်မလေးတွေက ချစ်စရာကောင်းတယ် သိမ်သိမ်မွေ့မွေ့လေးတွေနဲ့ ပြောစကားလည်း နားထောင်တယ် မင်းသူ့ကို လက်စွပ်တကွင်းလောက် မပေးချင်ဘူးလား"

Xia Yao ATM card ကို လှမ်းယူလိုက်တယ်

"ညစာကို ငါပဲရှင်းပေးလိုက်မယ် ငါကျွေးတယ်လို့ပဲ သဘောထားလိုက် ဆရာ Dou ကို ငါတောင်းပန်ပါတယ်လို့ ပြောလိုက်ဦး ငါအရမ်းပင်ပန်းနေလို့ပါလို့ နောက်တကြိမ်ကျမှပဲ လိုက်တော့မယ်လို့"

Advance Bravely မြန်မာဘာသာပြန် (Unicode)Where stories live. Discover now