Li Zhenzhen
•••••
အဲဒီညတညလုံး Xia Yao တရေးမှ အိပ်လို့မရဘူး အိပ်ရာထဲမှာ လူးလိမ့်နေရင်း မနက်ကအကြောင်းကို တွေးရင်း တွေးလိုက်တိုင်း တွေးလိုက်တိုင်း သွေးတွေ တပွတ်ပွတ်ဆူလာတယ် ဘယ်လိုလုပ် ယောကျာ်းတယောက်က သူ့အပေါ်ရုတ်တရက်ကြီး စိတ်ဝင်စားသွားပါလိမ့် မိန်းကလေးတယောက်ကသူ့ကို သဘောကျရင် သူနည်းလမ်းတခုခုသုံးပြီး မောင်းထုတ်လို့ရသေးတယ် ပစ်ပစ်ခါခါပြောပြီးတော့ဖြစ်ဖြစ်ပေါ့ ဒါပေမယ့် သူအခုရင်ဆိုင်နေရတာက သာမန်လူမဟုတ်ဘူး ရုပ်ကိုကြည့်လိုက်ကတည်းက ဘာမဆိုလက်ရဲဇက်ရဲလုပ်ရဲတဲ့ လူမျိုး Xia Yao သူ့ကိုကြိုးစားပမ်းစားကန်ထုတ်ဖို့ ကြိုးစားရာကနေ ရဲစခန်းရှေ့မှာ ရည်းစားစကားအပြောခံလိုက်ရတာကြောင့် Xia Yao ခေါင်းတော်တော်ကိုက်နေတယ်
ခါတိုင်းလိုဆိုရင် စနေ တနင်္ဂနွေလို ရုံးပိတ်ရက်တွေမှာ အိပ်လို့ကောင်းပေမယ့် Xia Yao တယောက် နေမထိထိုင်မသာဖြစ်နေတယ် သူ့ဖုန်းထဲမှာ ဖုန်းနံပါတ်တခုကို အချိန်ကြာကြာရှာလိုက်ပြီးမှ Peng Ze နာမည်မှာရပ်လိုက်ပြီး ဖုန်းခေါ်တဲ့ ခလုတ်ကို စိတ်ပင်ပင်ပန်းပန်းနဲ့ပဲ နှိပ်လိုက်တယ်
"ဟယ်လို?" တဖက်က အိပ်ချင်နေတဲ့လေသံ ထွက်ပေါ်လာတယ်
Xia Yao အသံတိုးလိုက်တယ် "Da[1] Ze မင်းအခုအားလား"
([1]Da=Big ဒီအတိုင်းလူတွေကို ချစ်စနိုးခေါ်တဲ့ pronoun နဲ့ တူပါတယ်)"ဘယ်တော့လဲ"
"အခု"
Peng Ze အကျယ်ကြီး သမ်းလိုက်တယ် "အခုဘယ်အချိန်ပဲရှိသေးတယ်ဆိုတာ မင်းသိလား"
Xia Yao သက်ပြင်းချလိုက်တယ် "ငါ့မှာ ပြဿနာတခုရှိတယ် အကြီးကြီးပဲ ဖြစ်နိုင်ရင် အနောက်ဖက်ဂိတ်က ကော်ဖီဆိုင်တဆိုင်ဆီကို လာခဲ့ပါလား ငါမင်းကို စောင့်နေမယ်"
YOU ARE READING
Advance Bravely မြန်မာဘာသာပြန် (Unicode)
Romance"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...