အခန်း ၂၀ မင်းအိမ်မှာ ထားရစ်ခဲ့ခြင်း

1K 87 0
                                    

Yentai ကမ်းခြေမှာ Yuan Zong ကိုယ်တိုင် အမျိုးသမီးသက်တော်စောင့်တဖွဲ့ကို လေ့ကျင့်ရေးဆင်းနေတယ် မသွားခင်မှာ Xia Yao အိမ်ကို လှောင်ချိုင့်တချိုင့်ရယ် အရေထူတဲ့လူတယောက်ပြောမဲ့ စကားတွေရယ်နဲ့ ဝင်ခဲ့တယ် "ငါဒီမှာ အခုရက်ပိုင်းမရှိဘူး အဲဒါကြောင့် ဒီငှက်ကိုစောင့်ရှောက်ဖို့က မင်းတာဝန်ပဲ"

"ငါက မစောင့်ရှောက်နိုင်ဘူးလို့ပြောရင်ရော" Xia Yao မေးလိုက်တယ်

"အဲ့ဒါဆိုရင်လည်း ငါဒီမှာနေခဲ့ဖို့ကလွဲပြီး တခြားနည်းလမ်းမရှိတော့ဘူး"

နောက်စကားတလုံးမှမပြောတော့ဘဲ Xia Yao ချက်ချင်းဘဲ လှောင်ချိုင့်လေးကို ယူလိုက်ပြီး သူ့အိမ်ထဲလှည့်ဝင်သွားတယ် လှောင်အိမ်အသစ်လေးက အိပ်ခန်းရဲ့ တန်းလျားနဲ့ ဘောင်ကွက်တိဝင်နေတယ် Xia Yao သာလိကာကြီးရဲ့ခေါင်းကို လက်ညိုးထိုးပြီး သတိပေးလိုက်တယ် "ငါပြောမယ်နော် ငါ့သာလိကာလေးကို လာအနိုင်မကျင့်နဲ့"

"ငါမင်းကိုချစ်တယ်" သာယာနာပျော်ဖွယ်မကောင်းတဲ့အသံတသံက သာလိကာကြီးဆီက ထွက်ပေါ်လာတယ်

Xia Yao တုန်သွားပြီး မျက်လုံးတွေကိုမှေးလိုက်တယ်

"ပေါက်ကရတွေဆက်ပြောနေရင် ငါမင်းကို ညှစ်သတ်ပစ်လိုက်မယ်"

"ငါမင်းကိုချစ်တယ် ငါမင်းကိုချစ်တယ် ငါမင်းကိုချစ်တယ်"

အဲ့ဒီရုတ်ရုတ်သဲသဲအသံက စာကြည့်ခန်းထဲမှာ စာဖတ်နေတဲ့ Xia Yao အမေဆီရောက်သွားတယ် သူ့အမေစပ်စပ်စုစုမေးလိုက်တယ် "ဘယ်သူအဲဒါတွေပြောနေတာလဲ"

Xia Yao သာလိကာကြီးရဲ့အသံကို မကျေမချမ်း အတင်းဖုံးလွှမ်းသွားအောင်အော်လိုက်တယ် "တိတ်စမ်း အသံတသံထွက်ရဲထွက်ကြည့် မင်းရဲ့ နှုတ်သီးသေးသေးလေးကို ချိုးပလိုက်မယ်"

ညဉ့်ရောက်တော့ Xia Yao အလုပ်ကပင်ပန်းတဲ့ ဒဏ်ကြောင့် ငိုက်ပြီး အိပ်ပျော်ခါနီးမှာပဲ သာလိကာကြီးရဲ့အသံက သူ့ကို နိုးထသွားစေတယ် "မင်းအရမ်းsexy ကျတာပဲ"

Xia Yao ဝရန်တာကို မျက်မှောင်ကြုံ့ပြီးကြည့်လိုက်တယ် ဘုရားရေ ဒီငှက်စုတ်ကလည်း သူ့သခင်ရဲ့ကိုယ်ပွားအတိုင်းပဲ

Advance Bravely မြန်မာဘာသာပြန် (Unicode)Where stories live. Discover now