အခန်း ၄၈ တဖြည်းဖြည်းချင်းနီးစပ်လာကြခြင်း

1.1K 84 0
                                    

ငါးကင်နည်းနည်းနဲ့ ဘာဘီကျူးကင် ၁၀ချောင်းဝယ်ပြီးတဲ့နောက်မှာ နှစ်ယောက်သားမြစ်ကမ်းနံဘေးမှာထိုင်ပြီးစကားပြောနေကြတယ်
"ဘာစိတ်ကူးနဲ့ ခင်ဗျားစစ်တပ်ထဲဝင်ခဲ့တာလဲ"

'မျိုးချစ်စိတ်ပြင်းထန်လို'့တို့ 'သေနတ်တကားကားစစ်သည်တွေကိုအားကျလို့'တို့လိုအဖြေမျိုး Xia Yaoမျှော်လင့်ထားခဲ့တယ်

ဒါပေမယ့် အ့ံအားသင့်ဖို့ကောင်းစွာပဲ Yuan Zong ရိုးရိုးရှင်းရှင်းပဲပြန်ဖြေလိုက်တယ် "ငါ့မိသားစုဘဝ အခြေအနေနည်းနည်းကောင်းအောင်လုပ်ချင်ခဲ့ရုံသက်သက်ပဲ"

Xia Yao ဘာမှမဆိုပဲ ဘီယာနှစ်မော့သောက်ချလိုက်တယ်

"ငါ့အဖေက သိပ်ပညာမတတ်ဘူး ပိုက်ဆံလည်းမရှိဘူး အသက်၃၀ကျော်မှ အိမ်ထောင်ပြုခဲ့တာ ငါ့အမေကျန်းမာရေးအခြေအနေကလည်းသိပ်မကောင်းဘူး ငါ့ညီမလေးကိုမွေးတော့ အသက်၄၀ကျော်နေပြီ သိပ်မကြာခင်မှာပဲ ဆုံးသွားခဲ့တယ် ငါအထက်တန်းကျောင်းပြီးတာနဲ့စစ်တပ်ထဲဝင်ခဲ့တာ အမှန်အတိုင်းဝန်ခံရရင် အိမ်ကကြပ်တည်းနေတဲ့အခြေအနေကိုဖြေရှင်းချင်လို့ပဲ ဒီလိုနဲ့စစ်တပ်ထဲမှာ လေ့ကျင့်နေတုန်း အပေါင်းအဖော်တပ်သားကောင်းတွေနဲ့တွေ့ပြီး တပ်ဖွဲ့အပေါ် ထူးထူးခြားခြားတွယ်တာစိတ်ဖြစ်ပေါ်လာတာပဲ"

Xia Yao မေးမိတယ် "အခုခင်ဗျားထွက်လာတော့ အဲ့ဒီတုန်းကအချိန်တွေကို အမှတ်ရနေသေးလား"

Yuan Zong ပခုံးတွန့်လိုက်တယ် "တနေ့နေ့မှာကိုယ်ပိုင်စစ်ကျောင်းတကျောင်းကိုတည်ထောင်ဖို့က ငါ့အိမ်မက်ပဲ"

ဘာဘီကျူးတချောင်းစားနေရင်း Xia Yao တိတ်တိတ်လေးနားထောင်နေမိတယ် စစ်တပ်ထဲက Yuan Zong ရဲ့ အ့ံအားသင့်စရာစံချိန်တွေအကြောင်း သူကြားဖူးနေပြီးသား သူစောစောသာစစ်တပ်ထဲကမထွက်ခဲ့ရင် အမျိုးသားတပ်ဖွဲ့ထဲအတွက် အထူးထရိန်နင်းဆင်းရတဲ့လူတွေထဲကတယောက်တောင်ဖြစ်နေလောက်ပြီ ရုတ်တရက် Yuan Zong အပေါ်စိတ်မကောင်းဖြစ်မိတဲ့အတွက် Xia Yao သက်ပြင်းချလိုက်တယ်

Yuan Zong ဒီလေးလံတဲ့အမူအရာကိုမြင်လိုက်တဲ့အခါမှာ ဘီယာတဗူးယူပြီး Xia Yao ကိုတွတ်လိုက်တယ် "ငါ့အကြောင်းတော်လိုက်ဦး မင်းအကြောင်းပြောရအောင် မင်းမိသားစုထဲမှာ မင်းကအလိုလိုက်ခံရဆုံးကလေးမဟုတ်လား"

Advance Bravely မြန်မာဘာသာပြန် (Unicode)Where stories live. Discover now