Yuan Ming Yuan ဆီကို ဦးတည်တဲ့ အရှေ့ဘက်လမ်းမှာပဲ Xia Yao နဲ့အတူတခြားရဲတပ်သားတွေ ခြုံခိုတိုက်ခိုက်ဖို့စောင့်နေတယ် တစ်နှစ်လောက်ကျယ်ကျယ်ပြန့်ပြန့်စုံစမ်းပြီးတဲ့နောက်မှာ အရမ်းအန္တရာယ်များတဲ့ အဖွဲ့အစည်းတခုက ဒီမှာပေါ်လာမယ်ဆိုတဲ့ အလားအလာထွက်လာတယ် အဲ့ဒီထဲမှာမှ တခြားလုပ်ကြံသတ်ဖြတ်မှုတွေထဲမှာ ပါဝင်နေတယ်လို့ ယူဆထားတဲ့ A အဆင့်ရှိ ဒုစရိုက်သမားနှစ်ကောင်ဟာလည်း ဒီအဖွဲ့ထဲမှာ ပါဝင်နေတယ်
Xiao Hui က သူ့နာရီကို စိုးရိမ်ကြောင့်ကြစွာကြည့်လိုက်တယ် အမှန်အတိုင်းပြောရရင် ဒီပြစ်မှုဌာနမှာသူတာဝန်ထမ်းဆောင်တာ နှစ်ဝက်လောက်ပဲရှိအုံးမယ် ဒီလိုအန္တရာယ်များပြီးကြီးမားတဲ့ မစ်ရှင်ကိုယူရတာ ဒါသူ့အတွက် ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် ဂနာမငြိမ်ပဲမနေနိုင်ဘူး ထွက်ပြေးနေတဲ့ရာဇဝတ်ကောင်တွေထက်စာရင်သူကတောင်ပိုပြီးစိတ်လှုပ်ရှားနေသေးတယ်
တဖက်မှာတော့ Xia Yao က တည်တည်ငြိမ်ငြိမ်နဲ့ အာရုံစူးစိုက်နေတယ် မျက်လုံးကဖြတ်သန်းသွားသမျှကားတွေကို ခြုံကြည့်နေပြီး နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားတယ်
ကောင်းကင်က စတင်မဲမှောင်လာတယ် Honda တစီးက ရဲတွေရဲ့ မြင်ကွင်းရှေ့ပေါ်လာတယ်
တပ်ဖွဲ့ခေါင်းဆောင်က ခရီးသည်တွေကို တာဝန်အရစစ်ဆေးဖို့အတွက် ရပ်ခိုင်းလိုက်တယ်
ဒါပေမယ့် Honda က ရုတ်တရက်အမြန်နှုန်းမြင့်လိုက်ပြီး ယာဉ်ကြောကို ဖြတ်ကျော်လိုက်တယ် ဒီအခြေအနေကိုမြင်တဲ့အခါမှာ ရဲတပ်ဖွဲ့ဝင်တွေလည်း ထပ်ကြပ်မကွာအနောက်ကနေလိုက်လာတယ် ဖမ်းဝရမ်းထုတ်ခံရတဲ့ ရာဇဝတ်ကောင်ကလည်း သူ့အသက်ဘေးအတွက် ပင်မလမ်းပေါ်ကနေဆင်းလာပြီး အမြန်လမ်းမကြီးပေါ်တက်ပြီး ဆက်မောင်းပြေးတယ်
ရဲတွေရဲ့ ထပ်ကြပ်မကွာလိုက်တာကို ခံရတဲ့နေရက်မှာတော့ ရာဇဝတ်ကောင်ရဲ့ ကားဘီးပေါက်သွားပြီး လမ်းဘေးကို ဘေးတိုက်ပွတ်ရပ်သွားတယ် ကားထဲက လူခုနစ်ယောက်ထွက်လာပြီး ရဲတွေဆီကို စပစ်ခတ်တော့တယ်
"ဝပ်နေကြ"
ရဲတပ်ဖွဲ့ခေါင်းဆောင်က သူ့တပ်သားတွေကို အော်ပြောလိုက်တယ်
ကြောက်စရာကောင်းတဲ့ ကျည်ဆန်ပေါက်ရာတခုက လေကာမှန်ပေါ်ရောက်လာပြီး တပ်ဖွဲ့ဝင်အားလုံးကို ကြက်သီးထသွားစေတယ်
YOU ARE READING
Advance Bravely မြန်မာဘာသာပြန် (Unicode)
Romance"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...