အခန်း ၄၇ အဲ့ဒါငါ့ပထမဆုံးအနမ်းကွ

1.4K 96 0
                                    

ဒီလိုဆိုပြီးတာနဲ့ Xia Yao တဖက်လှည့်ပြီး ကျောက်တုံးတတုံးကိုကောက်ကိုင်လိုက်တယ် မျက်စိမှေးပြီး သေသေချာချာစမ်းစစ်ပြီးတဲ့နောက်မှာ ကျွမ်းကျွမ်းကျင်ကျင်ပစ်လွှတ်လိုက်တယ် ကျောက်စရစ်ခဲကရေပေါ်လျှပ်ပြေးသွားပြီး ရေပွက်လေးတွေဆက်တိုက်ထွက်ပေါ်လာတယ် ကစားပြီးတဲ့နောက်မှာ Xia Yao သူ့အကျင့်အတိုင်း Yuan Zong ကိုတချက်လှမ်းကြည့်လိုက်မိတယ် တလက်မမှမရွေ့သေးပဲ Yuan Zong သူ့ဆီကအကြည့်မခွာသေးတာကိုမြင်လိုက်ရတယ် မြင့်ချီနှိမ့်ချီနဲ့ညစ်ထေးထေးမြစ်ရေလှိုင်းတွေကယက်ထနေပုံဟာ သူ့မျက်လုံးတွေမှာ ထင်ဟပ်နေတယ်

Xia Yao ခန္ဓာကိုယ်တောင့်မသွားပဲမနေမိဘူး "ခင်ဗျားဘာကြည့်နေတာလဲ"

နောက်တစက္ကန့်မှာ Xia Yaoရဲ့ ၁၈၂ စင်တီမီတာ ကိုယ်လုံးဟာ Yuan Zongရင်ခွင်ထဲရောက်ရှိသွားတယ် ကြီးမားတဲ့လက်တဖက်က သူ့ဂုတ်ကိုဆွဲကိုင်လိုက်ပြီး ခေါင်းကိုအပေါ်ဆွဲမော့လိုက်တယ် ပြင်းပြတဲ့ ယောကျာ်းဟော်မုန်းအငွေ့အသက်က သူ့နှာခေါင်းထဲတိုးဝင်လာပြီး သူထွက်ပြေးချိန်တောင်မရလိုက်ပဲ သူ့နှုတ်ခမ်းတွေအဖမ်းဆီးခံလိုက်ရတယ် အလျော့မပေးပဲအတင်းတိုးဝင်တဲ့လျှာကြောင့် ခပ်တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတစုံဟာ ပွင့်ဟသွားပြီး ပြင်းပြင်းထန်ထန်အစုပ်ယူခံနေလိုက်ရတယ်

သူ့ပါးစပ်ထဲမှာ ဂလိဂလိအရသာခံစားမိတဲ့အချိန်ကျမှ Xia Yao အခြေအနေကိုလုံးဝသဘောပေါက်သွားတယ် သူအနမ်းခံနေရပြီ!!! အောက်မြေကြီးကို သူ့ခြေထောက်တွေနဲ့ ကန်လိုက်မိပြီး ဖုန်ထောင်းခနဲထွက်လာတယ်

Yuan Zong ရဲ့ဘက်မှာတော့ အသံရှူပုံမူမမှန်တာလေးရယ်နဲ့ ဘာနည်းစနစ်မှမပါဘူး ယောကျာ်းတယောက်နဲ့မိန်းမတယောက်ကြားထဲက စိတ်ဆန္ဒမျိုးနဲ့လည်းမဟုတ်ဘူး အပူတပြင်းနဲ့ အဆောတလျင်ဖြစ်နေတဲ့ပုံစံနဲ့ မျှော်လင့်ထားတာမဟုတ်ပဲတဒင်္ဂသွေးဆူလာတဲ့အချိန်မှာ လုပ်မိလုပ်ရာဖြစ်သွားတဲ့ပုံစံမျိုး

Xia Yao မျက်လုံးပြူးမျက်ဆန်ပြူးနဲ့အပေါ်ကိုမော့ကြည့်လိုက်တဲ့အခါမှာ Yuan Zong ဆီက ကျားကျားလျားလျားအပြုံးတခုကိုရလိုက်တယ်

Advance Bravely မြန်မာဘာသာပြန် (Unicode)Where stories live. Discover now