အခန်း ၃၅ ငါမနေ့ညက ကိုက်ခဲ့တာ မင်းကိုမဟုတ်ဘူးလား

1K 83 0
                                    

Xuan Da Yu တံခါးဖွင့်လိုက်တော့ Xia Yao အပြင်မှာရပ်နေတာမြင်လိုက်တယ်

သူနည်းနည်းတော့စိတ်ငြိမ်သွားပါပြီ မျက်စိတမှိတ်အတွင်းမှာ သူစိတ်တိုနေတာတွေအငွေ့ပြန်သွားပြီး Xia Yao ဂုတ်ကိုဖမ်းဆုပ်ကာ သက်ပြင်းချလိုက်တယ်

"ဟင်း...မင်းနောက်ဆုံးတော့ပေါ်လာပြီ"

ဒါပေမယ့် Xia Yao ကတော့ ဂရုမစိုက်အားဘူး Da Yu ရဲ့နားရွက်ကိုပဲ စိုက်ကြည့်နေတယ်

"မင်းဘာကိုကြည့်နေတာလဲ"

"အို... ငါကိုက်ဆွဲလိုက်တဲ့ မင်းနားရွက်ကို စိတ်ပူလို့"

စိတ်ရှုပ်ထွေးသွားပြီး Xuan Da Yu ပြန်မေးလိုက်တယ် "ခဏ... ဘယ်တုန်းကဖြစ်ခဲ့တာလဲ"

"မနေ့ညက ငါအရက်မူးနေတဲ့အချိန်မှာ မင်းနားရွက်ကိုတော်တော်မာမာကြီးကိုက်မိတာ...ငါသတိရတယ် ငါဒီမနက်နိုးလာတော့ ပါးစပ်ထဲမှာငန်ကျိကျိနဲ့ မင်းနားရွက်ကသွေးထင်လို့ စိတ်ပူတာနဲ့ ဒီကိုကမန်းကတမ်းလာစစ်ကြည့်တာ"

Xuan Da Yu သူ့နားရွက်သူပြန်တောက်ကြည့်ပြီးဆိုတယ် "ဟင်? ငါ့နားရွက်ဘာမှမဖြစ်ပါဘူး မင်းဘာကိုပြောနေတာလဲ မင်းသာငါ့နားရွက်ကိုကိုက်ခဲ့ရင် နားရွက်ပြုတ်ထွက်သွားလောက်ပြီ"

Xia Yao တော်တော်အ့ံသြသွားတယ် "အဲ့ဒါဆိုရင် ငါမနေ့ညကကိုက်ခဲ့တာဘယ်သူ့ကိုလဲ ငါမှတ်မိသလောက် ငါ့ကိုအိမ်ပြန်သယ်လာတာမင်းပါ အဲ့ဒါလမ်းမှာ ငါမင်းနားရွက်ကို ကိုက်မိသေးတယ်"

"အဲ့ဒီမှာရပ်လိုက်ဦး" Xuan Da Yu ချက်ချင်းစကားဖြတ်ပြောလိုက်တယ် "မနေ့ညကငါအိမ်ပြန်သယ်လာတာ မင်းကိုမဟုတ်ဘူး"

ဒါက Xia Yaoအတွက် အသစ်အဆန်းဖြစ်သွားတယ် "ဘာပြောတာလဲ မင်းမှမဟုတ်ရင် ဘယ်သူလဲ ငါမှတ်မိသလောက်ဆိုရင် မင်းငါ့ကိုကလပ်ထဲက ခေါ်ထုတ်လာတာပါ"

Xia Yao, Xuan Da Yu နားချဉ်းကပ်လာတယ် "ဘယ်သူသိမှာလဲ ငါအိမ်ကိုလူသယ်လာတဲ့တလျှောက်လုံး မင်းလို့ထင်နေတာ အိပ်ရာပေါ်ပစ်ချလိုက်မှပဲကွာ တခြားတယောက်ဖြစ်နေတာ"

Xia Yao နှုတ်ခမ်းထောင့်တွန့်သွားတယ် "ငါသဘောမပေါက်ဘူး မင်းဘာကိုတကယ်ဆိုလိုတာလဲ"

Advance Bravely မြန်မာဘာသာပြန် (Unicode)Where stories live. Discover now