နောက်တနေ့က သြဂုတ်လ ၁၅ရက်နေ့ ရိုးရာအရ ဒီအခါသမယမှာဆိုရင် သင်တန်းသားတွေအကုန်လုံးလမုန့်တွေကိုယ်စီရကြတယ် ဒီနှစ်လည်း ခြွင်းချက်မဟုတ်ဘူးပေါ့ ကိုယ်စီကိုယ်စီလမုန့်တွေရပြီးတာနဲ့ အားလုံး Xia Yao ဆီ ဖြတ်ခနဲလှမ်းကြည့်လိုက်ကြတယ် တစုံတယောက်ရဲ့ယောက်ဖက သူတို့ထက်ပိုပြီးတော့များသာသာပိုပိုလေး အဆက်ဆံခံရလားဆိုတာစစ်ဆေးကြည့်ကြဖို့ပေါ့
တချို့ဆို မီးနဲ့တောင်သွားကစားရတာကြိုက်တဲ့ပုံစံနဲ့ Xia Yao မုန့်ဘူးကိုသွားဆွဲကြည့်ကြတယ် အထဲမှာသူတို့ဟာနဲ့ဘာမှမကွဲပြားတာမြင်လိုက်ရတဲ့နောက်မှာ စိတ်ပျက်လက်ပျက်ပြန်လွှတ်ပေးလိုက်ကြတယ်
ဒီအကင်းမပါးတဲ့လူမသိလိုက်တာက အထဲကပုံစံတူမုန့်ဘူးထဲမှာ တကယ့်ကိုမတူညီတဲ့မုန့်တွေရှိနေတယ်ဆိုတာပါပဲ
Xia Yao သူ့ပစ္စည်းတွေအကုန်ထုတ်ပြီးတဲ့နောက်မှာ ကြာမြစ်အိတ်ကြီးကိုလိုက်ရှာတယ် ဒါပေမယ့်ဘယ်နေရာမှမတွေ့ဘူး စိတ်တိုနေတုန်းမှာ Yuan Zong အပူခံအိတ်ခပ်ကြီးကြီးတအိတ်ကိုဆွဲပြီးလျှောက်လာတာကိုမြင်လိုက်ရတယ် အထဲမှာတော့ သွားရေယိုစရာသစ်ကြားပိုးခေါက်သကြားနဲ့လတ်လတ်ဆတ်ဆတ်ချက်ထားတဲ့ ကြာမြစ်တွေရှိနေပြီး ဟင်းရဲ့ခပ်ပြင်းပြင်းရန့ံက အဝေးကနေတောင် ခံလို့ရတယ် [T/N- cinnamon sugar ဆိုတာ ဘာမှန်းကိုမသိတာနဲ့ dictionaryထဲကအတိုင်း သစ်ကြားပိုးခေါက်သကြားလို့ပဲပြန်လိုက်ပါတယ် 😥]
[T/N- အင်္ဂလိပ်ဘာသာပြန်တဲ့သူဆီက ဓာတ်ပုံ 😁]
"စမ်းစားကြည့်လို့ မင်းအမေကိုပြောလိုက်" Yuan Zong ကဆိုတယ်
"ဘာဖြစ်လို့ စားဖိုမှူးကိုသွားလုပ်ခိုင်းလိုက်ရတာလဲ ကျွန်တော်က ချိုချိုချဉ်ချဉ်သုပ်ထားတဲ့ကြာမြစ်ကို သဘောကျတာ"
YOU ARE READING
Advance Bravely မြန်မာဘာသာပြန် (Unicode)
Romance"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...