Xuan Da Yu ဒီသေမတတ်အရက်မူးနေတဲ့အကောင်ကို မိုင်နည်းနည်းဝေးတဲ့အထိသယ်လာတယ် ညောင်းကိုက်နေတဲ့လက်နှစ်ဖက်ကို တခါတခါခဏနားပေမယ့် အောက်ကိုချဖို့အစီအစဉ်မရှိဘူူး ဒီလိုမျိုး လေးနှစ်ငါးနှစ်လောက်ဝေးကွာသွားတဲ့နောက်မှာ တဖက်လူကို အိမ်ကိုကောင်းကောင်းမွန်မွန်ပြန်ပို့ဖို့ သူ့မှာဝတ်တရားရှိသလိုခံစားရတယ် သူ့လက်တွေခါးထိလျှောကျသွားနိုင်တယ်လို့ထင်လောက်အောင် ပင်ပန်းနေရင်တောင်မှပေါ့
ဒီအကောင်က တကယ့်ကို အအိပ်ကြီးတဲ့လူ Xuan Da Yu ရဲ့ကျောပေါ်မှာ ကားကားကြီးအိပ်နေတဲ့အပြင် တချက်တချက်ခပ်ပြင်းပြင်းဟောက်ပါဟောက်နေလိုက်သေးတယ်
Xuan Da Yu ရပ်လိုက်မိတယ် ခေါင်းနည်းနည်းစောင်းပြီး နောက်ကလူ ဇလုပ်ကိုငဲ့ကြည့်လိုက်တယ်
"မင်းတခါမှမဟောက်ဖူးပါဘူး ဘယ်လိုများအကျင့်ပျက်လာတာလဲ"
Xuan Da Yu ကိုယ်တိုင်ကလည်းအရက်မူးနေတဲ့အတွက် သူ့အတွေးတွေဘေးဖယ်ထားလိုက်ပြီး ဒီခြေထောက်ပါမလာတဲ့လူကို ရှေ့ဆက်ချီပိုးသယ်လာခဲ့တယ်ကံကောင်းစွာနဲ့ သူခဏတည်းနေတဲ့ အိမ်က Xia Yao အိမ်ထက်ပိုနီးတယ် နောက်ဆုံးမှာ သူ့အိမ်ကို အမောဆိုက်နေရင်းနဲ့ Xuan Da Yu ရောက်လာတယ် လက်တဖက်တည်းနဲ့ တံခါးဖွင့်လိုက်ပြီး ဧည့်ခန်းကို ဖြတ်ကျော်ကာ တဖက်လူကို သူ့အိပ်ခန်းထဲသယ်ဆောင်လာတယ်
အဲ့ဒီနောက် သူ့ရဲ့သက်တောင့်သက်သာဧရာမကုတင်ကြီးပေါ်ကို အဲ့ဒီလူကိုပစ်ချလိုက်တယ်
"Xia လေး ဒီနေ့ည ငါနဲ့တူတူအိပ်လိုက် ငါ..."
သူ့ကုတင်ပေါ်က လူကိုမှတ်မိသွားတဲ့နောက်မှာ Xuan Da Yu မျက်စိတမှိတ်အတွင်းမှာ ချက်ချင်းအမူးပြေသွားတယ် သူ့ပါးစပ်ဟောင်းလောင်းနဲ့ စကားတခွန်းမှ မဆိုနိုင်ဘူး
အိပ်ရာဘေးမှာ စိတ်တုန်လှုပ်ကြီးစွာနဲ့ တောင့်တောင့်ကြီးနဲ့အကြာကြီးရပ်နေမိတယ် ဘာဖြစ်နေတာလဲဆိုတာနားလည်ဖို့အချိန်တော်တော်ယူနေရတယ်
တဖက်လူကလည်း မွေ့ရာပေါ်ခေါင်းထိလိုက်တဲ့အချိန်မှာ နိုးလာပြီး Xuan Da Yu ကိုမြင်လိုက်တဲ့အချိန်မှာ ပါးစပ်ဟောင်းလောင်းဖြစ်သွားတယ် နှစ်ယောက်စလုံးရဲ့မီးတောက်လိုမျက်လုံးတွေက နာရီတွေတော်တော်ကြာတယ်လို့ထင်ရလောက်အောင် အချင်းချင်းစိုက်ကြည့်နေကြတယ်
YOU ARE READING
Advance Bravely မြန်မာဘာသာပြန် (Unicode)
Romance"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...