Zhi Shui မျက်ခွံအောက်မှာ မျက်ရည်တွေရစ်ဝဲလာတယ် ဟန်ဆောင်ထားပုံမရတဲ့နောင်တဟာ ဒီလူရဲ့မျက်နှာမှာပေါ်ပေါက်လာတယ်
"ကျွန်တော့်ကို ခင်ဗျားအိမ်ကိုကျောပိုးခေါ်သွားပြီး မခြိမ်းခြောက်ဘူးဆိုရင် ကျွန်တော့်ခေါင်းထဲဒီလိုဓားပြတိုက်ဖို့အတွေးဝင်လာစရာလား ယွမ်ထောင်ချီတန်တဲ့ ခင်ဗျားဖိနပ်တွေဆီက မယုံနိုင်စရာခင်ဗျားစည်းစိမ်တွေအကြောင်းသိမသွားခဲ့ရင် ခင်ဗျားဖိနပ်တွေကိုယူဖို့စိတ်ကူးရှိပါ့မလား ချမ်းချမ်းသာသာနဲ့ ဘဝကိုလွတ်လွတ်လပ်လပ်နေနေတဲ့ခင်ဗျားပုံကိုသာမပြခဲ့ရင် အခွင့်ကောင်းရအပိုင်ယူတတ်တဲ့အတွေးမျိုး တွေးမိစရာလား ခင်ဗျားသာကျွန်တော့်ကိုသူခိုးဓားပြလိုခံစားချက်မျိုးမပေးခဲ့ဘူးဆိုရင် ကျွန်တော်ဒီမှာတနေ့လုံးရပ်စောင့်နေရပါ့မလား... ပြောလေ ဒီလိုအရာတွေအားလုံးအတွက် ခင်ဗျားကိုအပြစ်မတင်ရပဲဘယ်သူ့ကိုအပြစ်တင်ရမှာလဲ"
Zhi Shui ဆီက အတောမသတ်နိုင်စွပ်စွဲချက်မျိုးပေါင်းစုံရယူနေရင်း Xuan Da Yu စကားပုံတခုကိုသတိရသွားမိတယ် "အသက်မွေးမှုပညာ ၃၆၀ပညာရှိတယ် ပညာတိုင်းမှာ ဆရာတဆူဆိုတာရှိစမြဲပဲ" ဆိုတဲ့စကားက လုံးဝကွက်တိမှန်တာပဲ အလုပ်အကိုင်တိုင်းရဲ့နောက်ကွယ်မှာ မမြင်နိုင်တဲ့ပါရမီကိုယ်စီရှိပြီး လူအဖွဲ့အစည်းရဲ့မကောင်းတဲ့သူပေါင်းစုံကြားထဲမှာ Wang Zhi Shuiလိုမျိုးလူမျိုးရှိနေတယ် အ့ံသြဖွယ်ရာပဲ
အပြစ်ကျူးလွန်မိသူတိုင်းရဲ့နောက်ကွယ်မှာ ကြေကွဲဖွယ်ရာအတိတ်တခုရှိစမြဲပဲ ရဲစခန်းထဲတိုက်ရိုက်ပစ်ထည့်လိုက်တာထက်စာရင် Zhi Shuiရဲ့အတိတ်အကြောင်းနားထောင်ရတာက Xuan Da Yuအတွက် ပိုစိတ်ဝင်စားစရာကောင်းနေတယ်
"အနည်းဆုံး...ဆင်းပေးဦး" Da Yu လေသံက ချက်ချင်းတည်ငြိမ်လာတယ်
မယုံသင်္ကာနဲ့ မရေရာသလိုမျိုး Wang Zhi Shui ပြန်မေးလိုက်တယ် "မရိုက်ဘူးလို့ကတိပေးရမယ်နော်"
"မရိုက်ဘူး ဆင်းလို့ရပြီ"
ဒီအချိန်ကျမှ Zhi Shui, Da Yuကိုယ်လုံးပေါ်ကဆင်းတော့တယ် ခြေနှစ်ဖက်ကြမ်းပြင်ကိုထိတဲ့အချိန်မှာတောင်မှ သူအကာအကွယ်ယူနေသလိုပုံစံနဲ့ Da Yu သူ့ကိုရန်မူမဲ့အမူအရာမျိုးမမြင်တော့မှ သူနှလုံးသားထဲက အလေးချိန်ကြီးတဖြည်းဖြည်းပေါ့သွားတယ်
YOU ARE READING
Advance Bravely မြန်မာဘာသာပြန် (Unicode)
Romance"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...