အခန်း ၄၀ ခပ်ညစ်ညစ်လူရှုပ်လေး

921 86 0
                                    

"မင်းခုတလောအိပ်လို့ရောကောင်းရဲ့လား"

Xia Yao သဘောမတူတဲ့အနေနဲ့သက်ပြင်းချလိုက်တယ် "ဘယ်လိုလုပ်အိပ်ပျော်မှာလဲ ပျက်သွားတဲ့စက်ကိရိယာက သိပ်မှမများတာ ဘာမှကြီးကြီးကျယ်ကျယ်မဟုတ်ဘူး ကျွန်တော်မလျော်ပေးနိုင်တာလဲမဟုတ်ဘူး"

ဒီလိုခပ်ကြမ်းကြမ်းစကားလုံးတွေသူ့ပါးစပ်ထဲက ထွက်လာပေမယ့် Xia Yao တကယ်တော့သိပ်မသေချာလှပါဘူး ဒီကနည်းပြတွေအားလုံးက ကိုယ့်အလုပ်ထဲအာရုံနှစ်စိတ်ပါဝင်စားပြီးလုပ်နေကြတာ သင်တန်းသားတွေကလည်းအချင်းချင်းသံယောဇဉ်ရှိကြတဲ့အတွက် ရင်းနှီးတဲ့ပတ်ဝန်းကျင်အခြေအနေတခုဖြစ်ရမှာဖြစ်ပေမယ့် နောက်ဆုံးမှာဒီလိုအခြေအနေမျိုးဖြစ်သွားတယ် ကိရိယာတွေကိုဖျက်ဆီးတာကတပိုင်း နည်းပြတွေကိုမရိုမသေပြုမူမိတာကတပိုင်း နောက်လေ့ကျင့်ရေးအချိန်ကျရင် သူတောင်းပန်မယ်လို့စီစဉ်ထားပေမယ့် တခုခုကဒီနေရာကိုအရင်လာဖို့ သူ့ကိုဆွဲဆောင်နေသလိုပဲ

"ဒီတော့မနေ့ညကအိပ်တောင်မပျော်ဘူးဆိုတဲ့လူက ညကအိပ်ရာထဲမှာလှိမ့်နေလိုက်တာ ပြုတ်ကျတဲ့အထိလား"

Xia Yao မျက်လုံးထဲမှာ ရေခဲမတတ်အကြည့်မျိုးဖြတ်သွားတယ် "ခင်ဗျားအဲ့ဒီမှာရှိနေခဲ့ရင် ဘာလို့စကားတလုံးမှလာမပြောတာလဲ"

Yuan Zong အမှုမဲ့မထားသလိုနဲ့ဆိုတယ် "ငါ့နေရာကိုဖျက်စီးသွားတာမင်းသူငယ်ချင်းလေ ဘာလို့မင်းနဲ့စကားပြောရမှာလဲ"

"ခင်ဗျားကိရိယာတွေကို ကျွန်တော့်သူငယ်ချင်းကဖျက်စီးတာဆိုရင် ဘာလို့ကျွန်တော့်ကိုလာရှာရသေးတာလဲ"

Yuan Zong တံတွေးမျိုချလိုက်ပြီး သူ့နှုတ်ခမ်းဆီက စကားလုံးနှစ်လုံးအေးစက်စက်ထွက်လာတယ်

"လွမ်းလို့"

သူစိတ်မသက်မသာဖြစ်သွားတာကိုဖုံးကွယ်တဲ့အနေနဲ့ Xia Yao, Yuan Zong ကိုတမင်သက်သက်မဲကြည့်လိုက်တယ် "တည့်ပဲပြောလိုက် ဘယ်လောက်ကျလဲ စာရင်းနဲ့ထုတ်ပေးလိုက်"

Yuan Zong မမြင်နိုင်တဲ့မီးခိုးငွေ့တတန်း နှာခေါင်းထဲက မှုတ်ထုတ်လိုက်ပြီး လွယ်လွယ်ကူကူအဖြေပေးလိုက်တယ် "ဘာမှမကုန်ဘူး ငါငါ့လက်နဲ့ပဲပြင်လိုက်တာ"

Advance Bravely မြန်မာဘာသာပြန် (Unicode)Where stories live. Discover now