အခန်း ၃၆ နာလိုက်တာမှ လခွမ်းပဲ

1K 92 0
                                    

"အစ်ကိုကြီး ညီမလေးပဲနို့ဝယ်လာတယ် မနက်စာထွက်စားဦး"

Yuan Zongအိမ်သာထဲကနေထွက်လာတယ် Yuan Ru သူ့နားရွက်ကိုစူးစူးစိုက်စိုက်ကြည့်ပြီး မမေးမိပဲမနေနိုင်ဘူး "အစ်ကိုကြီး နားရွက်ကဘာဖြစ်လို့မညီဖြစ်နေရတာလဲ တဖက်တိုတဖက်ရှည်နဲ့"

"မင်းစိတ်ထင်လို့နေမှာပါ"

Yuam Zong အီကြာကွေးတချောင်းကိုယူလိုက်ပြီး အကိုက်အနည်းငယ်အတွင်းမှာကုန်အောင်စားပစ်လိုက်တယ်

Yuan Ru, Yuan Zong နားချဉ်းကပ်လာတယ် Xia Yaoကြိတ်ထည့်လိုက်တာကြောင့် ယောင်ကိုင်းနေတဲ့အကိုက်ရာတွေကို စပ်စပ်စုစုလေ့လာကြည့်တယ် ကျန်ခဲ့တဲ့သေးသေးအမွလေးတွေက ပိုဆိုးတယ် နေရာတိုင်းမှာပေလပွနေပြီး ဝမ်းနည်းစရာမြင်ကွင်းပါပဲ

Yuan Ru သူ့နှုတ်ခမ်းသူကိုက်လိုက်တယ် "အစ်ကိုကြီး နားရွက်ဘာဖြစ်တာလဲ"

"ကင်းမြီးကောက်ကိုက်သွားတာ"

"ကင်းမြီးကောက်က ဘယ်လောက်တောင်ကြီးလို့ ဒီလိုဒဏ်ရာမျိုးထိဖြစ်ရတာလဲမသိဘူး"

Yuan Zong သူ့ဟာသူတွေးမိတယ် မင်းထက်တော့သေချာပေါက်ပိုကြီးတာပေါ့

Yuan Ru မနက်စာမြန်မြန်စားပြီး သူ့အစ်ကိုအတွက် လိမ်းဆေးလေးယူ နားရွက်မှာလိမ်းပေးနေရင်း သတင်းစပ်စုပြန်တယ် "ဘာဖြစ်လို့ Xia Yao အစ်ကို့သင်တန်းလာတက်နေတာလဲ"

Yuan Zong ရဲ့ တောင့်တင်းနေတဲ့မျက်ခုံးတွန့်သွားတယ် "မသေချာဘူး"

"တခြားလူတွေဆီကကြားမိတာတော့ သူညီမလေးအပေါ်လုပ်မိတာကို နောင်တရပြီး ခွင့်လွှတ်တာကိုလိုချင်တဲ့အတွက် လာတက်တာတဲ့။ အကြောင်းပြချက်တွေများပေမယ့် သူသာသူ့တကယ့်စိတ်ရင်းနဲ့ဆို ညီမလေးဒုတိယအခွင့်အရေးပေးဖို့သင့်တယ်မထင်ဘူးလား ဟိုဟာကိုထောင်လို့မရတာက သေလုတဲ့ရောဂါတော့မဟုတ်ဘူး ရှေးနည်းလမ်းလေးဘာလေးများရှာကြည့်ရင်တော့ တွေ့တန်ကုရင်ပျောက်တန်ကောင်းပါရဲ့"

Yuan Zong ကတော့ အချက်တချက်ကိုသိနေတယ် Xia Yao ရဲ့မုန်လာဥဖြူရဲ့မြင်းကောင်ရေစွမ်းအားကို အကဲခတ်ခြင်းအားဖြင့် ဒီလိုစွမ်းအားနဲ့ဆိုပန်းသေတယ်ဆိုတာမဖြစ်နိုင်ဘူးဆိုတာပေါ့

Advance Bravely မြန်မာဘာသာပြန် (Unicode)Where stories live. Discover now