အခန်း ၃၉ မင်းနဲ့အတူစက်ကိရိယာတွေပြင်နေခြင်း

914 83 3
                                    

ရုန်းရင်းဆန်ခတ်အပြီးမှာ Yuan Zong စောစောကဖြစ်ပေါ်ခဲ့တဲ့အခြေအနေကိုဆွေးနွေးဖို့အတွက် အစည်းအဝေးတခုခေါ်ယူကျင်းပလိုက်တယ် အဓိကအကြောင်းအရာကတော့ ဒီလိုဖြစ်စဉ်မျိုးနောက်တခေါက်မဖြစ်ရလေအောင်ဘယ်လိုကာကွယ်မလဲဆိုတာပေါ့

"ကျွန်တော်တို့ဖွင့်တာလေးနှစ်ရှိပြီ ဒီလိုအရှက်ရတာမျိုးတခါမှ မကြုံဖူးဘူး"

"ကျွန်တော့်အထင် အကောင်းဆုံးနည်းလမ်းကတော့ ငွေပြန်အမ်းလိုက်တာပဲ ဒီလိုသင်တန်းသားမျိုးကျွန်တော်တို့ဆက်မသင်နိုင်ဘူး"

"ဥက္ကဋ္ဌ Yuan ခင်ဗျားအတွေးကရော"

Yuan Zong သူ့စိတ်ထဲမှာတွေးလိုက်မိတယ် သူ့ကိုဒီခြသေ့င်္သားရဲတွင်းထဲသွင်းဖို့အားတော်တော်စိုက်ထုတ်လိုက်ရတာ ဘယ်လိုလုပ်ပြန်လွှတ်ပေးနို်ုင်မှာလဲ အကယ်၍သူဒီနေရာကိုမီးထိုင်ရှို့ရင်တောင်မှ ဒီကဦးလေးက အထဲမှာပဲပိတ်မိနေအောင်မရရအောင်လုပ်ဦးမှာ

ဇလုပ်အပေါ်အောက်လှုပ်နေရင်း အချိန်အတန်ကြာလေးနက်နက်တွေးပြီးတဲ့နောက်မှာ Yuan Zong ဆုံးဖြတ်ချက်ချလိုက်တယ်

"သူနောက်တခါဒီလိုအမှားမျိုးထပ်လုပ်ရင် ငါကိုယ်တိုင်အပြစ်ပေးတာခံရလိမ့်မယ်"

Shi Tianbiao မျက်ခုံးကြုတ်ပြီးဆိုမိတယ် "အဲ့လိုဆိုရင် ဒီထက်ပြင်းထန်တဲ့အပြစ်ရမယ်လို့ဆိုတာမလား အဲ့လိုဆိုရင်ပိုပြီးတော့တောင်စိတ်ဝမ်းကွဲမှုတွေဖြစ်လာမှာ မဟုတ်ဘူးလား"

တခြားနည်းပြတယောက်က Shi Tianbiaoကို တိတ်တိတ်လေးတံတောင်တွတ်လိုက်တယ် "မင်းဘာလို့ဒီလောက်တောင်ပေါကြောင်ကြောင်နိုင်ရတာလဲ သူကဘယ်သူလဲ Yuan Zong ယောက်ဖလေ Yuan Zong သူ့ကိုတကယ်ထိရဲမလား မင်းနားလည်လား သူပြောချင်တာက ဒီလူကိုဘယ်သူမှအန္တရာယ်ပြုလို့မရဘူူးဆိုတာပဲ"

"မဖြစ်နိုင်တာ" Shi Tianbiao ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ဆိုလိုက်တယ် "Yuan Zong ကဒီလိုလူစားမျိုးမဟုတ်ဘူူး သူကအမြဲမျှမျှတတနဲ့ လူတိုင်းကိုညီတူညီမျှဆက်ဆံတာ တယောက်ယောက်ကိုအသားပေးပြီးဆက်ဆံမဲ့လူမဟုတ်ဘူး"

"သူမင်းလစာထဲက ယွမ်၃၀၀၀ နုတ်တာတောင်မလောက်သေးဘူး"

"..."

Advance Bravely မြန်မာဘာသာပြန် (Unicode)Where stories live. Discover now