Epi 4

1.5K 123 1
                                    


ကုတင်ပေါ်တွင် ဖြန့်ထားသော ပန်းချီ ကိုကြည့်ပြီး
အသာယူကာ လိပ်လိုက်သည်။
ကျွန်တော့်နှလုံးသားထဲမှာ ပိတ်လှောင်ထားတဲ့ ခံစားချက်တွေကို ပုံဖော်ထားသော ပန်းချီတွေသည်
မွန်းကြပ်မှုတွေနဲ့ အထီးကျန်ခြင်းတွေ သာ
ကိန်းအောင်း ခိုဝင်နေမည်မှာမလွဲပေ…

လက်မှနာရီကိုကြည့်မိတော့…အချိန်က ည10နာရီထိုးတော့မည်…မအိပ်ချင်သေးသောကြောင့် အပြင်ထွက်ပြီး
လမ်းလျှောက်ရန် စဉ်းစားမိသည်။

မြက်ခင်းစိမ်းလေးတွေဝန်းရံထားသော လမ်းကွေ့ လေးတွေလည်း လူရှင်းနေကာ မီးတိုင်များမှ မီးရောင်လေးများသာ ဖြာကျနေသည်။
ဟိုတယ်မှ ထွက်ကာ ကမ်းခြေဘက် လျှောက်သွားလိုက်သည်။မလှမ်းမကမ်းတွင် လူတစ်စု ဂစ်တာတီးကာ သီးချင်းညည်း သံသဲ့သဲ့ကို လှိုင်းပုတ်သံများကြားမှ ကြားနေရတယ်…

လူစုကို တစ်ချက်ကြည့်ပြီး ဟိုတယ်နဲ့နည်းနည်းဝေးဝေး
လူတွေနဲ့ ဆန့်ကျင်ဘက်ကို လျှောက်ကာ မျက်စိတစ်ဆုံး
မည်းမှောင်နေသော ပင်လယ်ကို ငေးနေမိသည်။
ဟိုတယ်များမှ ထွန်းထားသော မီးတိုင်လေးတွေက အလင်းရောင်အနည်းငယ်သာ ကမ်းခြေအနီးတဝိုက်ကို
လင်းစေပြီး ပင်လယ်ကြီးမှာတော့ အပြည့်အဝ မပြည့်သော
လမင်းကြီးရဲ့ အကူအညီဖြင့် လရောင်အနည်းငယ် ဖြာကျ နေသည်။

လမ်းလျှောက်နေတာကို ရပ်လိုက်ပြီး စီးကရက်
တစ်လိပ်ကို နှုတ်ခမ်း၌ တေ့ကာ မီးညှိလိုက်သည်…
ပင်လယ်ဘက်မှ တိုက်နေသော လေပြေအေးအေးက
ကြယ်သီးမတပ်ပဲ ဖွင့်လှစ်ထားသော ရင်ခွင်တစ်စုံကို
တစ်ချက်တစ်ချက် အေးမြသွားစေသည်။

ညသည် တိတ်ဆိတ်စွာ…ကမ်းခြေပေါ် အလုအယက်
ပြေးဝင်လာကာ ပင်လယ်ကြီးထဲ ပြန်ဆုပ်ခွာသွားသော
ရေလှိုင်းသံ လေးတွေမှ တခြား ကျွန်တော့် ပတ်ဝန်းကျင်သည်
တိတ်ဆိတ်နေသည်။

တိတ်ဆိတ်မှုနဲ့ နေသားကျနေပြီ ဖြစ်ပေမယ့်လည်း
တစ်ခါတစ်လေ တော့ တိတ်ဆိတ်ခြင်းက ကျွန်တော့်
နှလုံးသားကို ကြောက်ရွံ့စေသည်။ပိတ်လှောင်ထားသော
ကြောက်ရွံ့ခြင်းတွေသည် ဆိတ်ငြိမ်နေချိန်တွင်
တစတစ ပြန်တိုးထွက်လာကာ မမှတ်မိချင်သော
အရာတွေကို ပြန်လည်ဖော်ထုတ်ရင်း ကျွန်တော့် နှလုံးသားကို ဓားဖြင့်မွှန်းတတ်သည်။

လေလွင့်ငှက်တစ်ကောင်ရဲ့ နိဒါန်းWhere stories live. Discover now