Epi 7

638 54 2
                                    


ခံစားချက်တွေဆိုတာ မသိလိုက်ခင်မှာပဲ
ရင်ထဲဝင်ရောက်လာတတ်ကြတယ်...
သိတဲ့အချိန်မှာတော့ အဲ့အရာတွေကို တားဆီးဖို့
နောက်ကျသွားခဲ့ပြီ...

............  …………  …………

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ကာ အမှောင်ထုက ကြီးစိုးထားသည်။
အခန်းလေးထဲ အရာအားလုံး ရှင်းလင်းစွာ...
ကုတင်ထက် အိပ်ရာခင်းတို့မှာ ညများစွာ ဘယ်သူမှ အသုံးမပြုသည့်နှယ်...

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ထဲ တိုးတိတ်စွာ
ထွက်ပေါ် နေသော ရှိုက်သံ နှင့်အတူ
ချောင်ကျကျ ကုတင် ထောင့်တွင် ဒူးပိုက်ကာ ငိုကြွေးနေသော ကောင်လေးတစ်ယောက်...

ခြေထောက်ကို ရင်ခွင်ထဲ ထည့်ရင်း ဒူးပေါ် ခေါင်းမှောက်ကာ ငိုနေသော ကောင်လေး...
အဆက်မပြတ်ငိုကြွေးကာ ရှိုက်နေသဖြင့် တစ်ကိုယ်လုံး
တုန်ယင်နေသည်။

ခေါင်းငုံ့ကာ ငိုကြွေးနေရာမှ မော့ကြည့်လာသော ကောင်လေးရဲ့ မျက်ဝန်းတစ်စုံ...အချိန်အတော်ကြာ ငိုကြွေးထားသောကြောင့် အနည်းငယ်နီရဲ နေကာ မျက်တောင်လေးများတွင် မျက်ရည်စလေးများ ခိုတွဲနေပေသည်။
မျက်ရည်ရွှဲသော ထိုမျက်ဝန်းတို့နဲ့ ဆုံချိန်...

ကျွန်တော့်မြင်ကွင်း အားလုံးမှာ အမှောင် လွှမ်းသွားတော့သည်။

.......

မျက်လုံးတို့ ပြန်ဖွင့်ချိန် အခန်းထဲဖွင့်ထားသော မီးလုံးလေးရဲ့ အလင်းရောင်အောက်တွင် အဖြူ ရောင်မျက်နှာကျက်မှ တစ်ပါး အရာအားလုံးရှင်းလင်းနေသည်။တိတ်ဆိတ်မှုများကြားတွင် အသည်းအသန်ရှုနေရသော
ကျွန်တော့်အသက်ရှုသံ ပြင်းပြင်းက လွှမ်းခြုံနေသည်။

အိပ်ရာပေါ်မှ မထဘဲ မျက်နှာကြက်အဖြူ ကို စိုက်ကြည့်ရင်း
မျက်ဝန်းထောင့်မှ ကျဆင်းသွားသော မျက်ရည်စကို
လက်ခုံနဲ့ အသာ ပွတ်ကာ သက်ပြင်းချမိသည်။

အိမ်မက် တွေမ  မက်သည်မှာ ကြာနေပြီ...
အရင်က ညတိုင်းနီးပါးမက်ခဲ့သော အိမ်မက်...
အမှောင်ထဲ ငိုကြွေးနေသော ကောင်လေးတစ်ယောက်...
မေ့ထားချင်သော အတိတ်ဆိုးဖြစ်နေသည့်တိုင်
အိမ်မက်ဆိုးများဖြင့် ကျွန်တော့်ကို ခြောက်လှန့်နေသည်။

လေလွင့်ငှက်တစ်ကောင်ရဲ့ နိဒါန်းWhere stories live. Discover now