Epi 10

612 48 4
                                    

ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေကာ ဘာမှမမြင်ရလောက်အောင် မှောင်မည်းနေသည်။မြင်ရသမျှ အရာအားလုံးသည် အမှောင်ထုသာ...

ကိုယ်ဘယ်ရောက်နေမှန်းမသိလောက်အောင်ကို
အမှောင်ထုကြီးစိုးနေသော နေရာတွင် နေသစ်
ခန္ဓာကိုယ်ကို ဘယ်ညာလှည့်ကာ စူးစမ်းနေမိသည်။အမှောင်ထဲ ကျင့်သားရသည့်ခဏ ရပ်နေမိသော နေရာသည် အခန်းတစ်ခုထဲ မှာ ဆိုတာကို သိလိုက်ရသည်။

ရုတ်တရက် အမှောင်ထု ထဲ တိုးဝင်လာသော အလင်းရောင်တစ်ခု...
စူးရှလွန်းသဖြင့် မျက်လုံးကို လက်နဲ့ အမြန်ကာလိုက်မိသည်။ အလင်းရောင်နဲ့ ကျင့်သားရပြီဆိုတော့မှ ဖြည်းညှင်းစွာ မျက်လုံးတို့ကို ဖွင့်ရင်း ကြည့်မိတော့...တံခါးပေါက်တစ်ခု...
ကျွန်တော်ရပ်နေသော မှောင်မည်းနေသည့် အခန်းနဲ့ကွဲပြားစွာ ထိုတံခါးတစ်ဖက်တွင် အရာအားလုံးသည် လင်းထင်းနေသည်။တံခါးတစ်ဖက်ခြမ်းတွင် ဘာရှိလဲ မမြင်ရလောက်
အောင် အလင်းရောင်က စူးရှ လွန်းနေသည်။

ကျွန်တော့် ဘက်ခြမ်း တံခါးရှေ့တွင် ကလေးတစ်ယောက် ကျောပေးကာရပ်နေသည်။ထိုကောင်လေးက ဘယ်သူလဲ...ဘာလို့ ကျွန်တော်နဲ့ တစ်ခန်းထဲ အတူတူ ရှိနေတာလဲ...ကိုယ်ရောက်နေသော နေရာကိုရော
မြင်နေရသော အရာတွေကိုရောနားမလည်စွာ...နေသစ်
နေရာမှာပင် မှင်သေစွာ ရပ်နေမိသည်။
ရှေ့မှ ကောင်လေး က ကျောပေးနေရာမှ ကျွန်တော့်ဘက်
လှည့်ကာ ကျွန်တော့် မျက်ဝန်းတွေထဲ စိုက်ကြည့်လာသည့်ခဏ...

ကျွန်တော့် ရင်ထဲ မွန်းကျပ်လာကာ မျက်ရည်တစ်စက် မျက်ဝန်းထောင့်မှ စီးကျသွားခဲ့သည်။ကျွန်တော့်ကို ကြည့်နေရာမှ
ကောင်လေးသည် နောက်ပြန်လှည့်၍ တံခါးတစ်ဖက်ကို ဝင်ကာ တစ်ဖက်ခြမ်းတွင် ရပ်ပြီး ကျွန်တော့် ကို တစ်ဖန် ပြန် စိုက်ကြည့်နေခဲ့သည်။
တံခါးတစ်ဖက်တွင်ရပ်နေသော ကောင်လေးကို
ကြည့်ရင်း စိတ်ကမစေခိုင်းရပါပဲ ကျွန်တော့်ခြေထောက်တွေက ထိုကောင်လေးရှိရာဆီပြေးသွားမိသည်။
မြင်နေရသော အကွာအဝေးက နီးနီးလေးပေမယ့်
ကျွန်တော်ပြေးနေတာ မရောက်နိုင်တော့...
မျက်ဝန်းမှ အရည်ကြည်တွေက အခုအချိန်မှာတော့ အကြောင်းအရင်းမဲ့စွာ အဆက်မပြတ်စီးဆင်းလာသည်။
အသည်းအသန်ပြေးပြီးတံခါးရှေ့ရောက်လာသော
ကျွန်တော်...တစ်ဖက်ကကောင်လေးရဲ့ လက်ကိုလှမ်းဆွဲ
ရန် ပြင်ချိန်မှာပဲ တံခါးက ကျယ်လောင်စွာ ပိတ်သွားခဲ့သည်။
တစ်ဖန်ပြန် အမှောင်ကျသွားသော အခန်းထဲ ဒူးထောက်ကျသွားသော နေသစ်...မျက်နှာကို လက်နှစ်ဖက်ထဲအပ်ကာ ငိုကြွေးမိသည်။

လေလွင့်ငှက်တစ်ကောင်ရဲ့ နိဒါန်းWhere stories live. Discover now