Epi 14

420 45 10
                                    

ကြောက်​ရွံ့မှု....တုန်​လှုပ်​မှု....
ဝမ်းနည်းမှုများဖြင့်​ ​နေသစ်​ အသက်​ရှုမဝစွာ ရင်​ဘက်​မှ အကျီင်္စကို လက်​နဲ့ ဆုပ်​ထားမိသည်​...
ရုတ်​တရက်​ နားထဲတိုးဝင်​လာ​သော ရှိုက်​သံသဲ့သဲ့...
အ​မှောင်​ထဲထိုင်​ကာ ငို​ကြွေး​နေ​သော ​ကောင်​​လေးကို ​နေသစ်​ မြင်​​နေရသည်​...

ထို​ကောင်​​လေးရဲ့​ဘေးတွင်​ အဖုံးဖွင့်​ထား​သော ​ဆေးဘူးတစ်​ဘူးမှာလဲ​နေပြီး ​ဆေးလုံးအချို့မှာ အပြင်​သို့ထွက်​ကျ​နေသည်​....အချိန်​ဘယ်​​လောက်​ကြာသွားလဲပင်​ မသိ... ငို​နေ​သော ​ကောင်​​လေးကို
နေသစ်​ကြည့်​ရင်း ရင်​ထဲမ​ဖော်​ပြနိုင်​​သော နာကျင်​ခြင်း​တွေက အစားထိုးဝင်​​ရောက်​လာသည်​...

ဘေးက​ဆေးဘူးကိုလက်​လှမ်းလိုက်​​သော​ထို​ကောင်​​လေး....ဘာဆက်​ဖြစ်​မလဲသိ​နေသလို...​နေသစ်
စိတ်​ထဲ ​ကောင်​​လေးကို တားချင်​​သော်​လည်း
တစ်​ခုခုက ထိန်းချုပ်​ထားသကဲ့သို့ ရပ်​​နေရာမှ မ​ရွေ့မိ...
ဆယ့်​​လေးနှစ်​အရွယ်​​ကောင်​​လေးတစ်​​ယောက်​ရဲ့ နာကျင်​မှု​တွေက ​နေသစ်​ရဲ့ နှလုံးသားတစ်​စုံကို မီးနဲ့မြှို​က်​​နေသလို ပူ​လောင်​လှသည်​...
ရင်​ဘက်​ထဲမှ အဆမတန်​ တင်းကျပ်​မှု​တွေနဲ့ အတူ မျက်​လုံးတို့ကို ဆက်​မဖွင့်​နိုင်​စွာ မှိတ်​လိုက်​မိသည့်ခဏ.... မျက်​ဝန်း​ထောင့်​မှ မတားဆီးနိုင်​​သော မျက်​ရည်​ပူ​တွေက အဆက်​မပြတ်​ ထိန်းချုပ်​မှုကင်းစွာ ကျဆင်းသွားသည်​....


--------

အိပ်​ရာ ​ပေါ်မှာ ထထိုင်​လိုက်​သည့်​ခဏ နဖူး​ထောင့်​မှစီးကျသွား​သော ​ချွေးစက်​နဲ့အတူ အသက်​ရှုသံပြင်းပြင်းတို့မှာ တိတ်​ဆိတ်​တဲ့အခန်းထဲ လွှမ်းခြုံ​နေသည်​...
ခုံ​ပေါ်တင်​ထား​သော စီးကရက်​ဘူးထဲမှ တစ်​လိပ်​ထုတ်​ကာ မီးညှိလိုက်​ပြီး အခန်းပြင်​ ထွက်​ကာ ဝရံတာဘက်​ ​လျှောက်​သွားလိုက်​သည်​...
အပြင်​တွင်​ ​​လေတဖြူုးဖြူးတိုက်​​​နေကာ ချမ်းစိမ့်​စိမ့်​....
ပြင်​ဦးလွင်​ရဲ့ ချမ်း​အေး​သော ရာသီဥတု ​​တောင်​မှ ​နေသစ်​ရင်​ထဲက ပူ​လောင်​မှု ကို မ​အေးချမ်း​စေနိုင်​...

လေလွင့်ငှက်တစ်ကောင်ရဲ့ နိဒါန်းWhere stories live. Discover now