Epi 11

580 54 4
                                    


ဆွဲနေသော ပုံကို လက်စသတ်ခဲခြစ်၍ လက်ထဲမှ ခဲတံနဲ့
စာအုပ်ကို ဘေးသို့ချပြီး မတ်တပ်ရပ်ကာ နေသစ်
အညောင်းဆန့်လိုက်သည်။
တစ်ခြမ်းသာဖွင့်ထားပြီး တစ်ခြမ်းပိတ်ထားသော ပြတင်းပေါက်တံခါးရွက်ကို တွန်းဖွင့်ရင်း အပြင်မှ  မြင်ကွင်းကိုကြည့်ကာ
မျက်လုံးအနားပေးမိသည်။

ညနေစောင်းဖြစ်သော်လည်း အလင်းရောင်မှိန်မှိန်အောက်တွင် မှိန်ပြပြ အပင်ရိပ်လေးတွေနဲ့ အတူ ရင်းနှီးနေသော
အရိပ်တစ်ခု ကို အဖြူ ရောင် ပန်းပွင့်များပွင့်နေသော အပင်အောက်တွင် ရပ်နေတာ မြင်နေရသည်။

အချိန်အတော်ကြာ ငြိမ်သက်နေရာမှ အပင် ပင်စည်ကို
လက်နဲ့  အသာ ထိကိုင်နေသော အကို့ ရဲ့ နောက်ကျောကို
ကြည့်ရင်း စိတ်ထဲ တစ်ခုခုကို လွမ်းဆွေးလာသလို…
အိမ်ဘက်ပြန်လှည့်လာသော အကို့ကို ကြည့်နေရာမှ စောစောက အကိုရပ်နေခဲ့သော အပင်ကို ပြန်ကြည့်မိသည်

တစ်ခြားအပင်တွေလိုမဟုတ်ပဲ တစ်ပင်ထဲ ထူးခြားနေသော ထိုအပင်လေးက အကိုနဲ့ တစ်ခုခု ဆက်နွယ်နေတာများလား…

ကြမ်းပေါ် ချထားသော စာအုပ်နဲ့ခဲတံကို ကောက်ယူပြီး
စောစောက ဆွဲထားသော ပုံကို ကြည့်မိသည်။

ကင်မရာကို လက်က ကိုင်ပြီး ကြည့်နေသော ကောင်လေးတစ်ယောက်…နှုတ်ခမ်းတစ်စုံမှာ ပြုံးနေကာ ဘေးတိုက်ဖြစ်သဖြင့် မေးရိုးမှာထင်းနေသည်။
ဘဝတွင်နောက်ဆုံးတော့ မွန်းကျပ်မှုနဲ့ အထီးကျန်မှုတို့မှ
ရုန်းထွက်ကာ နှလုံးသားရဲ့ ပန်းချီတစ်ခုကို ဆွဲနိုင်ခဲ့ပြီ…

ခဲတံနဲ့ ရေးခြစ်ထားခြင်းဖြစ်သော်လည်း အစစ်အမှန်ကဲ့သို့ရုပ်လုံးကြွနေသော အကို့ပုံကို ကြည့်ပြီး
ကျွန်တော့်နှုတ်ခမ်းများပါလိုက်ပြုံးမိသည်။

………

အခန်းတံခါးခေါက်သံနဲ့အတူ မနက်ခင်းနေရောင်က ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲ ဝင်ရောက်နေသည်။

တံခါးအပြင်တွင်ရပ်နေသော ကြယ်စင်…နှုတ်ခမ်းထက် အပြုံးတစ်ခုရှိနေကာ ကျွန်တော့်ကိုပြုံးပြနေသည်။

ကြယ်စင့်ကို ဆင်းလာမည်ဟု ပြောကာရေချိုးခန်းထဲဝင်
၍ရေချိုးလိုက်သည်။

လေလွင့်ငှက်တစ်ကောင်ရဲ့ နိဒါန်းWhere stories live. Discover now