9နာရီကျော်နေပြီဖြစ်သော်လည်း
ပြင်ဦးလွင် မနက်ခင်း သည် ရန်ကုန်နဲ့ ခြားနားစွာ...
နေမထွက်ပဲ လေပြေတို့မှာ အအေးဓာတ်တို့ဖြင့်လွှမ်းခြုံ နေသည်...
ညကရွာထားသော မိုးအရှိန်ကြောင့် လမ်းမတို့မှာ
စိုစွတ်လျက် လေထုထဲ မိုးနံ့ တို့ကိုရနေသည်...သစ်ပင်တွေ မြက်ခင်းစိမ်းစိမ်းတွေ အရောင်အသွေးစုံသော ပန်းခင်းတွေ နဲ့ အတူ ပြင်ဦးလွင်ရဲ့ ကန်တော်ကြီးသည် လှပနေသည်။
အရောင်အသွေးစုံလှသော ပန်းခင်းတွေကိုငေးနေမိသော နေသစ်..."ဒီဇင်ဘာဆိုရင် ဒီနေရာက ပိုလှတယ်"
ဘေးမှ အကို့အသံကြောင့် ငေးနေရာမှ သတိဝင်လာသည်...ဘာလို့လဲလို့မမေးနိုင်ခင်မှာပဲအကို့ဘက်မှ စတင်ပြောလာသည်.
"ဒီဇင်ဘာ၁ရက်ဆို ပန်းပွဲတော်ကျင်းပတယ်လေ..
အလှဆင်ထားတဲ့ပုံစံအမျိုးမျိုးနဲ့ပန်း တွေက တကယ်လှတယ်...အရင်ကဆိုမေမေနဲ့ အတူလာနေကျ...
မေမေက ပန်းတွေကိုသိပ်ချစ်တာ"တည်ငြိမ်နေသော ရေကန် ကိုငေးရင်း ပြောနေသော အကို ...အကို့အမေနဲ့ အကိုဘာဖြစ်ခဲ့တာများလဲ ဆိုသော မေးခွန်းက ခေါင်းထဲဝင်လာသည်...
အကိုကို့ ကြည့်ရင်း နေသစ်ရင်ထဲ မွန်းကျပ်လာသည်...ငေးမှိုင်နေသော အကို့ကို ပြုံးရယ်စေချင်မိတယ်...
ဘဝတွင်ပထမဆုံး တခြားသူအတွက်နာကျင်မိခြင်း...
ပထမဆုံး တခြားသူတစ်ယောက်အတွက် အပြုံးတွေကိုဖန်တီး ပေးချင်မိခြင်း .....နှလုံးသားထဲက ခံစားချက်တွေကို အမည် တပ်ရလောက်အောင် အရမ်းများစောနေသေးမလား...
ရုပ်ရှင်တွေထဲမှာတော့ မြင်မြင်ချင်း အချစ်တွေရှိပေမယ့်... အခုကျွန်တော့်အခြေအနေကိုလည်း အဲ့လိုမျိုးသတ်မှတ်လို့ရမလားမသိပေမယ့် .....
အချစ်ဆိုတာကိုတော့ နေသစ် မယုံ...
![](https://img.wattpad.com/cover/103064731-288-k127859.jpg)
YOU ARE READING
လေလွင့်ငှက်တစ်ကောင်ရဲ့ နိဒါန်း
RomanceBoys Love(BL) အမှတ်တမဲ့တွေ့ဆုံမှုလေးတွေကနေ အမှတ်တရတွေ အဖြစ် ပြောင်းလဲရင်း... ငြိမ်သက်နေတဲ့ ကိုယ့် နှလုံးသားကို ကခုန်စေတဲ့ သူက မိန်းကလေးတစ်ယောက်မဟုတ်ခဲ့ဘူး...