ရူပဒါလီရဲ့သခင်လေး

338 20 13
                                    

အခန်း ၁၀~~~~

*လ ကမ္ဘာပေါ်တွင်*

နဒီ အလိုမကျမှုများစွာဖြင့် အိပ်ရာမှနိုးထလာခဲ့သည်။ မောင်နဲ့သမီးလေးအကြောင်းကို နဒီအိပ်မက်မက်ပါသည်။ အိပ်မက်ကတော့ မကောင်းလှ။ မောင်ရော သမီးလေးရော နဒီ့ဆီမှ အပြီးအပိုင်ထွက်သွားသောထို့နေ့ အကြောင်း ဖြစ်သည်။ နဒီ အသည်းမာပြီး ယုတ်မာခဲ့တာ နဒီသိသည်။ နဒီ့ကို အစွမ်းကုန်ချစ်တဲ့သူ နှစ်ယောက်ကို နဒီစွန့်ပစ်ခဲ့သည်။ မောင်က အမှောင်လောကရဲ့ သခင်ဆိုတာကို နဒီအဲ့ဒီနေ့ မတိုင်ခင်တည်းက သိခဲ့ပါသည်။ အဲ့လောက်လည်း မမုန်းခဲ့ စိတ်မနာခဲ့ပေ။ မောင်ကမကောင်းဆိုးဝါး မဟုတ်ဘူးဆိုတာလည်း နဒီသိခဲ့သည်။ မောင်က သွေးစုပ်တယ်ဆိုတာကို သမီးလေး မမွေးခင်ထဲက နဒီသိပြီးသားပါ။ နဒီ မသိချင်ယောင်ဆောင်ခဲ့တာ တစ်ခုတည်းရှိတာပါ။ နဒီသိတာ ဘာမှမဟုတ်ပေမဲ့လည်း လွန်ခဲ့တဲ့ ၁၃နှစ် အဲ့ဒီနေ့မတိုင်ခင် တစ်ပတ်တုန်းကတော့ ဖေဖေသိခဲ့ပါတယ်။

ဖေဖေကသိသိချင်း နဒီ့ကိုခေါ်မေးခဲ့သည်။

" သမီးသိထားတယ်မဟုတ်လား။ သူက မကောင်းဆိုးဝါတစ်ကောင် ဆိုတာ။"

"ရှင်။ ဖေဖေအဲ့တာကို ဘယ်လိုလုပ်..."

"အဲ့တာဆိုသမီးသိထားတာမှန်နေတာပဲ။ အဲ့တာကြောင့် ဖေဖေ အရင်ထဲက အဲ့ကောင်နဲ့ သမီးနဲ့ကို သဘောမတူခဲ့တာ။ အဲ့ကောင်က အတင့်ရဲလွန်းတယ်။ အဲ့ကောင် အမျိုးအနွယ်တွေက ဖေဖေတို့လို နဂါးမျိုးနွယ်ရဲ့ သွေးတွေကို အများဆုံး စုပ်တဲ့ကောင်တွေကွ။ သူသာဒီမှာ ရှိနေရင် အဖေတို့ အမျိုးနွယ်စု မျိုးတုန်းသွားလိမ့်မယ် သမီးရဲ့ ။"

"ဒါပေမဲ့ ဖေဖေဘယ်လိုလုပ်မလဲ။ အချစ်ဆိုတာကို တားလို့မရဘူးလေ။ ပြီးတော့ နဒီသူနဲ့ရထားတဲ့ အဖေ့မြေးလည်းရှိသေးတယ်လေ။ သူကမကောင်းဆိုးဝါး မဟုတ်ပါဘူး။ ဖေဖေရယ် မောင့်ကို အဲ့လိုမခေါ်ပါနဲ့။ မောင်က စိတ်သဘောထားအရမ်း ဖြူစင်တယ်လေ"

"အေး ...အဲ့ကောင်က ငါ့သမီးကို အရမ်းချစ်တယ် ။ငါသိတယ်။ ဒါပေမဲ့ အဖေတို့တွေက တော်ဝင်မျိုးနွယ်တွေလေ။ အမှားလေးတစ်ခုလုပ်လိုက်တာနဲ့ အဲ့အမှားကြောင့် အဖေတို့ကို ဖြုတ်ချမယ့်သူတွေက အများကြီး။ အဲ့ဒီလူတွေက သိသွားရင်တော့ ဖေဖေတို့ ရှေ့ရေးက မတွေးရဲစရာပဲ သမီးရေ။ "

ရူပဒါလီရဲ့သခင်​​လေးWhere stories live. Discover now