ရူပဒါလီရဲ့သခင်လေး

278 25 2
                                    

အခန်း ၉~~~

  ကျနော်ကသူမအား လကမ္ဘာကိုလွမ်းလားဟင်ဟုမေးမိသောအခါ သူမကအလွန့်အလွန်လွမ်းကြောင်း အားတက်သရောနှင့်ဖြေလေသည်။သို့သော်သူမဖြေသည့် အဖြေတစ်ခုကမူ ကျနော့်မျက်လုံးများအား ပြူးကျယ်သွားအောင် စွမ်းဆောင်နိုင်လေသည်။

   "ဘု…ဘုရင်မ?"

   ကျနော် ထစ်ထစ်ငေါ့ငေါ့ မေးတော့ သူမက ပြူးကျယ်၍ အရည်လဲ့သော မျက်လုံးများနှင့် ကျနော့်ကိုကြည့်ကာ ဘယ်လိုဖြေရမလဲ စဉ်စားနေဟန်တူသည်။

  "ဒါလီ မင်းအမေက နဂါးဘုရင်မလား။ "

   သူမ စိတ်လျှော့သည့် အနေဖြင့် သက်ပြင်းရှည်ကြီး တစ်ခုကို ချလိုက်လေသည်။ ပြီးတော့ နို့များအိုးပြည့်ရှိနေသယောင် ဖြူ စွတ်ပြည့်ဝိုင်းသော လပြည့်ဝန်းကြီးကို အတန်ကြာ
အောင်ငေးစိုက်ကြည့်ရင်း ဖြေလေသည်။

   "ဟုတ်ပါတယ် ကျွန်မအမေက နဂါးဘုရင်မပါပဲ။ သခင်လေး"

   "ဒါဆို ဒါလီကဘာလို့  ဒီကိုရောက်နေတာလဲ။ ဒါလီက နဂါးတိုင်းပြည်ရဲ့ မင်းသမီး မဟုတ်ဘူးလား ။ ဘာဖြစ်လို့ ဘုရင်မကကိုယ်တိုင်က…ဒါလီ့ကို ဒီကိုပို့ရတာလဲ"

   
      ကျွန်မဖြေရကျပ်နေပါပြီ။ "ကျွန်မက သွေးစုပ်ဖုတ်ကောင် ဖြစ်နေလို့ပါ "ဟုလည်း ပြောလို့မရ။ ဒီလိုဆို ဒီတစ်နည်းသာရှိတော့သည်။

   " ကျွန်မကို မေမေက အရင်ယောက်ျားနဲ့ မွေးခဲ့တာပါ။ ဖေဖေက အဖွဲ့တစ်ခုနဲ့ပေါင်းပြီး မေမေ့ကို ဖြုတ်ချဖို့လုပ်တယ်ဆိုတဲ့  ကောလဟာလတွေထွက်ကြောင့် ဖေဖေ သစ္စာဖောက်ဖြစ်ခဲ့ရတယ်။ သစ္စာဖောက်ရဲ့သမီး ကျွန်မကို မေမေက အရမ်းမုန်းပြီးတော့ … အသက်၅ နှစ်ကနေ အခု ဒီတိုင်းပြည်ကို မလာ ခငိ အသက်၁၈ နှစ် အထိ ၁၃တိတိ ..…မြေအာက်ခန်းထဲမှာ ပိတ်ခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် အနေနဲ့ ဒီတိုင်းပြည်ကို ကျွန်အဖြစ်နဲ့ အပို့ခံခဲ့ရပါတယ်… ကျွန်မက…
အပယ်ခံ မင်းသမီးတစ်ယောက်ပါ။ သခင်လေး"

   ကျွန်မ သခင်လေးရဲ့ မျက်နှာကို ကြည့်လိုက်တော့ သခင်လေးမျက်လုံးထဲမှာဝမ်းနည်းမှုလှိုင်းများအား ပကတိမြင်နေရသည်။ ကျွန်မ သခင်လေးရဲ့ မျက်လုံးပြာပြာများကို စိုက် ကြည့်ရင်း မျက်လုံး ထောင့်မှ မျက်ရည်များ တဖြိုင် ဖြိုင်ကျလာလေသည်။

ရူပဒါလီရဲ့သခင်​​လေးOnde histórias criam vida. Descubra agora