ရူပဒါလီရဲ့ သခင်လေး

97 5 1
                                    

အခန်း၂၁~~~~

ကျွန်မ ဘာလုပ်ခဲ့မိတာ ပါလိမ့်......

စဉ်းစားရင်း ကိုယ့်ကိုယ်ကို ပြန်ကျိန်ဆဲမိသည်။ ကျွန်မ ဦးကို မနမ်းခဲ့မိသင့်ပါ။ နောက်ထပ်ယောက်ျားတစ်ယောက်ကို ကျွန်မဘဝထဲ ဝင်လာခွင့်မပေးတော့ဘူးဟု ဆုံးဖြတ်ပြီးမှ ဘာလို့များ......ကျွန်မဘာဖြစ်လို့ အဲ့လောက်တောင် ညံ့ပြီး စိတ်ဓာတ်ပျော့ညံရတာပါလိမ့်..... ဤသည်မှာ အ ဆောင်ကို ပြန်တဲ့ခရီးတွင် တွေးမိသည့် အတွေးများ.....

ဦး......
သူ့အကြောင်းကို တွေးရင် အလိုလိုဆွေးမိသည်။တစ်ခါတလေးလည်း ကိုယ်မသိဘဲနှင့် ပြုံးနေမိသည်။ ဘာကြောင့်နည်း....
သူ့ကို ချစ်တယ်၊ ကြိုက်တယ်ဆိုလျှင် ဘာဖြစ်လို့ သခင်လေးနဲ့ မခံစားဖူးတဲ့ ခံစားချက်မျိုး ဖြစ်နေတာလဲ.....
ဘာဖြစ်လို့ သူကို အရမ်းလိုချင်တဲ့ ရမ္မက်က အရမ်း ပြင်းထန်နေရတာလဲ...
မေးခွန်းပေါင်းစုံကလည်း အတွေးများကို ရစ်ပတ်ပြီး ခေါင်းထဲမှာ ရှိနေပြန်သည်။

ကျွန်မ ဒီည ဘယ်လိုအိပ်ရတော့မလဲ....
နောက်တစ်နေ့ ဦးကိုတွေ့ရင် ဘယ်လိုနေရပါ့မလဲ.....
တစ်အိမ်ထဲ နေတော့ ရှောင်နေလို့လဲ မရပေ။

ဟူး.....သက်ပြင်းပဲ ချတတ်တော့သည်။

~~~~~~*****~~~~~~*****~~~~~~~

ဒါလီ နမ်းနေရင် ရီယန်ကို တွန်းထုတ်ပြီး လှည်းထဲက ထွက်သွားတော့ ရီယန်တစ်ယောက်တည်း ငေါင်ငေါင်ကြီး ကျန်ခဲ့လေသည်။ ရင်ထဲတွင်တော့ ဟာတာတာ.....ဒီကောင်မလေး အေးချမ်းစွာနေနေတဲ့ သူ့ဘဝကို မုန်တိုင်းလို လာနှောက်နေရပါသနည်း။
သူကလည်း ဘာဖြစ်လို့များ သူမကြောင့်  ရင်ထဲတွင် အမျိူးမျိုး ခံစားနေရပါသနည်း။ သူလည်း မသိပါ။ သိတာတစ်ခုကတော့ သူမကို ကြည့်လျှင် တစ်ယောက်သောသူကို သတိရမိတာပါပဲ...။
သူမရဲ့ ပြောဆိုပုံ၊ နေပုံထိုင်ပုံ၊ ပြုံးပုံတွေက သူ့လို အဖိုးကြီး တစ်ယောက်ကို စိတ်လှုပ်ရှားစေသည်။ ငုပ်ပြီး ဆုန်းဆုန်းးမြုပ်တော့မည့် ရင်ခုန်ခြင်း၊ လိုချင်တောင်းတမှု.ရမ္မက်ဆိုသောအရာကို သူမပြန်စွခဲ့လေသည်။ 

မဖြစ်တော့ပြီ။ ရီယန်တွေးမိလိုက်သည်။ မနက်ဖြန် ကလေးမလေးကို တွေ့ပြီး စကားပြောရမည်။ သူမနှင့် ဆွေးနွေးမှ ဖြစ်တော့မည်......
သူမ သူ့ဆီက ဘာလိုချင်နေတာလဲဆိုတာကို သေချာမေးမှ ဖြစ်မည်။
*****~~~~~~~*****~~~~~~~*****

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Apr 16, 2020 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

ရူပဒါလီရဲ့သခင်​​လေးDove le storie prendono vita. Scoprilo ora