အခန်း ၁၄~~~~~
ဒါလီမော့ကြည့်လိုက်တော့ နန်းတော်၏ ရဲမက်များဖြစ်နေသည်။ ထိုရဲမက်များက ဝင်လာပြီး ဒါလီ့ကို အခန်းထောင့်ရှိ တိုင်တွင် ချည်လိုက်၏။ ဒါလီ ဘာခံစားချက်မှ မပြပဲ ငူငေါင်ငေါင်နှင့် တိုင်တွင်ချည်ထားတာကို ခံလိုက်သည်။ ရဲမက်များထဲမှ ခေါင်းဆောင် ဖြစ်သူက လက်အောက်ငယ်သားများလုပ်ဆောင်ရန် လုပ်ငန်းများကို အမိန့်ပေးနေလေသည်။
" သူ့ကို မရရအောင်မေး မဖြေရင် နှိပ်စက်ပြီးတော့မေး....မှတ်ထားနော်။ သူ့ပါးစပ်ထဲက အဖြေမရမချင်း ဖိနှိပ်ပြီးမေး....အသေတော့ မသတ်နဲ့။"
ရဲမက်က ဒါလီကို တစ်ချက်ဝှေ့ကြည်၍ ထောင်၏ အပြင်ဘက်သို့ထွက်သွားလေသည်။ကျန်တဲ့ရဲမက်တွေက ဒါလီ့ကို အကြမ်းဖက်မေးရန် ပြင်ဆင်ကြလေသည်။ ဘေးနားမှာ နှိပ်စက်ဖို့ထားရန် ကိရိယာများ အစုံအလင်ထားပြီးသောအခါ ဒါလီ့ကို မေခွန်းများစွာ စမေးတော့သည်။ ဒါလီ ထိုလက်နက်များကို ကြည့်ရင်းနဲ့ တစ်ချက်ပြုံးလိုက်မိသည်။ စိတ်ကိုလျှော့ပြီး လုပ်ချင်တိုင်းလုပ်တော့ဟူ၍ ကိုယ်လုံးကို မတ်ပေးလိုက်သည်။ စိတ်ထဲကတော့ တစ်ယောက်သောသူကို တမ်းတမိသည်။ မေမေ..
"ကဲ....ရူပဒါလီ....မင်းဘာ ရည်ရွယ်ချက်နဲ့ မင်းသားနားကို ရောက်လာရတာလဲ"
" အစေခံတစ်ယောက်အနေနဲ့ ခစားဖို့ပါ။"
"အို....တကယ်လား။ ဒါမှမဟုတ် နဂါး ဘုရင်မက မင်းသားကို ဆွဲဆောင်ပါ ဆိုပြီး လွှတ်လိုက်တာလား။ "
"မဟုတ်ပါဘူး။ "
ဒါလီ စကားပြီးပြီးချင်း ကိုယ်လုံးတစ်လျှောက် ကျင်စက်သွားသွားသည်။ ကြာပွတ်နှင် ရိုက်ချက်တစ်ချက်တည်းနှင့်ပင် ဒါလီ အဝတ်များ သွေးစို့ သွားတော့သည်။ သို့သော် ဒါလီ အော်လည်းမအော်မိ။ ဘာမှမခံစားရသူတစ်ယောက်လို ကြမ်းပြင်လေးကိုသာ ငုံ့ကြည့်နေသည်။
"မှန်မှန်ပြောစမ်း! မင်းသားကို ဆွဲဆောင်ပြီး ထီးနန်းကို လိုချင်လို့ နဂါးဘုရင်မက ခိုင်းလိုက်တာ မဟုတ်လား။"
" မဟုတ်ဘူး..."
နောက်ထပ် ရိုက်ချက်မှုကြီးကို ဒါလီနာကျင်စွာခံစားလိုက်ရသည်။ သို့သော် ဒါလီ ဒီတစ်ခေါက်လည်း မအော်မိပါ။
YOU ARE READING
ရူပဒါလီရဲ့သခင်လေး
Romance#ခုမှwpထဲမှာစရေးတာမို့အားပေးကြပါနော်... အမှားပါတာရှိရင်လည်းခွင့်လွှတ်ပါ