အခန်း ၁၆......
" ဒါလီ...."
ကျွန်မ အမှောင်ထဲတွင် တစ်ယောက်တည်း လမ်းပျောက်နေတုန်း အနောက်မှ ခေါ်သံကို ကြားမိတယ်။
ကျွန်မ လှည့်ကြည့်မိတော့ ...." သခင်လေး!!"
ကျွန်မ သခင်လေးဆီ ပြုံးပြီး အစွမ်းကုန်ပြေးလိုက်တယ်။ သို့သော် သခင်လေးက ကျွန်မကို တွန်းချကာ ဓားဖြင့်ရွယ်လိုက်သည်။ ထို့နောက် ရင်နာစရာကောင်းသော စကားတစ်ခွန်းက နားထဲကို ခါးသီးစွာ ဝင်သွားလေသည်။
" မကောင်းဆိုးဝါးမ....."
ထိုခါးသီးသော စကားထက် ထို မုန်းတီးနေသော မျက်လုံးများက ကျွန်မ၏ နှလုံးသားကို ပြုတ်ကျသွားစေသည်။ ကျွန်မ ခေါင်းလေးငုံ့ကာ ဘာမှမပြောမိ။ ထိုစကားများက အမှန်တရားများပေ။
"တောင်းပန်ပါတယ် သခင်လေး...."
ထိုစကားလုံးများကလွဲ၍ ဘာမှ မပြောနိုင်ခဲ့ပါ။ သူ၏ ဓားတွင် တွေ့ရသော ကျွန်မ၏ပုံသည် တကယ်ပင် မကောင်းဆိုးဝါးပုံ။ ကျွန်မ သခင်လေး၏ အနောက်ကို ကြည့်လိုက်တော့ မီးလောင်၍ ပျက်ဆီးနေသော နန်းတော်ကို တွေ့လိုက်ရသည်။ ပို၍ အံ့သြဖို့ ကောင်းသည်မှာ ထိုနန်းတော်သည် နဂါးနန်းတော် ဖြစ်နေသည်။ ထို နန်းတော်ရှေ့ တိုင်တွင် ချည်ထားသည်မှာ မေ့မေ့၏ ပြတ်နေသောခေါင်း။
" မေမေ!!!!!"
ကျွန်မ ခြောက်ခြားစွာ အော်ဟစ်နေစဉ် သခင်လေး၏ ဓားသည် ကျွန်မကို.......
ကျွန်မ တုန်လှုပ်စွာ ကြပ်သီးများထပြီး မျက်လုံးဖွင့်ကြည့်မိတယ်။
ကျွန်မနှင့် မရင်းနှီးသော မျက်နှာကျက် တစ်ခုကို တွေ့လိုက်ရတယ်။ မျက်လုံးဝှေ့ကြည့်မိတော့ ပြတင်းပေါက်နားတွင် ရပ်နေတဲ့ သူတစ်ယောက်ကို တွေ့လိုက်ရတယ်။
အပြင်ကလေညှင်းတွေ တိုက်နေတာကြောင့် သူ့ရဲ့ ငွေရောင် ဆံနွယ်ရှည်တွေက လွင့်နေကြတယ်။ သူက ကျွန်မတို့ကမ္ဘာနဲ့ မတူဘဲ ထူးဆန်းတဲ့ အဝတ်အစားကို ဝတ်ထားတယ်။ ကျွန်မ စိတ်ထဲမှာ ဘာမှန်းမသိ အခုနက အိမ်မက်ဆိုးကြီး ဘယ်တုန်းကမှ မမက်ခဲ့ဖူးသလို နွေးထွေးသွားမိတယ်။သူက ကျွန်မဘက်ကို လှည့်ကြည့်တော့ ကျွန်မရင်ဘတ်တစ်ခုလုံး စုပ်ပြတ်သွားသလို ခံစားရတယ်။
YOU ARE READING
ရူပဒါလီရဲ့သခင်လေး
Romance#ခုမှwpထဲမှာစရေးတာမို့အားပေးကြပါနော်... အမှားပါတာရှိရင်လည်းခွင့်လွှတ်ပါ