ရူပဒါလီရဲ့ သခင်လေး

84 5 0
                                    

အခန်း ၁၈........

    ဗီနေး ရီယန့်ကို မယုံနိုင်သော မျက်လုံးများနှင့် ကြည့်နေသည်။ သူ၏ ပျောက်ဆုံးနေသည့် တစ်ဦးတည်းသော သမီးလေးသည် အသက်ရှင်နေသေး
သည်တဲ့လား။

" ဒါဆို ငါ့သမီးလေး မသေသေးဘူးပေါ့"

ဗီနေး ဝမ်းသာအားရ ဖြင့် ထိုင်ခုံမှ မတ်တပ်ထကာ ပြောသည်။

"ဟုတ်တယ်....နဂါးတိုင်းပြည် စစ်မဖြစ်ခင်တုန်းက သူက ဂဋ္ဌုန်တိုင်းပြည်မှာ အလုပ်လုပ်နေလို့...."

" အလုပ်လုပ်နေတာ.....ငါ့သမီးလေးက ဘာကိစ္စနဲ့ သူများတိုင်းပြည်များ သွားအလုပ်လုပ်နေရတာလဲ..."

" ဒီလိုကွ.....သူက မင်း ပြန်လာတဲ့နောက်မှာ နဂါးဘုရင်မက သူ့ကို နန်းချလိုက်ပြီးတော့ မြေအောက်ခန်းထဲမှာ ပိတ်ထားတာ။ ပြီးတော့ သူအသက်လည်း ကြီးလာရော သူ့ကို ဂဋ္ဌုန်ပြည်ကို ကျွန်အဖြစ်နဲ့ ပို့လိုက်ရော....ဂဋ္ဌုန်ပြည်မှာ လည်းကောင်းကောင်းမနေရဘူးနဲ့တူတယ်။ ဘာဖြစ်လာတာလဲတော့ မပြောပေမဲ့ သူအချုပ်ခန်းထဲ  အထည့်ခံခဲ့ရတယ်တဲ့....အချုပ်ခန်း မီးလောင်တော့ သူထွက်ပြေးလာခဲ့ရတယ်တဲ့ "

ရီယန်ပြောတဲ့ စကားကို ဗီနေးသေချာနားထောင်၍ သက်ပြင်းအလုံးလိုက် ချလိုက်မိသည်။ သူချစ်သောသူ နှစ်ယောက်လုံး၏ ဘဝက ခက်ခဲလွန်းလှလေသည်။ နဒီတို့ စစ်ဖြစ်နေတုန်းက သူုကိုယ်တိုင်သွားကာ အထောက်အပံ့ပေးမည်ဟု စကားဆက်ခဲ့သောလည်း နဒီက သူ့ကို မတွေ့ချင်ဟု ငြင်းပယ်ခဲ့သည်။ ဒီနှစ်တွေထဲသူမသို့မဟုတ် သမီးလေးနှင့်တွေ့ဆုံရန် ခွင့်ပန်ခဲ့သော်လည်း နဒီက ငြင်းပယ်ခဲ့သောကြောင့် မတွေ့ခဲ့ရပေ။သို့်သော် နဒီသည် ဒါလီ့ကို အဲ့လောက် ရက်စက်မယ်ဟု မထင်ထားခဲ့မိပါ။ သူနှင့် အမှောင်လောက ကို လိုက်တာထက် သမီးလေး ဘဝကောင်းမှာ ပျော်ပျော်ရွင်ရွင် နေခဲ့ရအောင်လို့ ထားခဲ့ခြင်းဖြစ်သည်။ သို့သော် အမှောင်လောကနှင့် မခြားသော မြေအောက်ခန်းထဲမှာ ထည့်ထားသည်မှာ နဒီရက်စက်လွန်းရာ ကျလေသည်။ ဒီလိုမှန်းသိလျှင် သူသမီးလေးကို မထားခဲ့သင့်ပါ။

ရူပဒါလီရဲ့သခင်​​လေးDonde viven las historias. Descúbrelo ahora