အခန်း ၁၇.....
စီရင်ပွဲ ပြီးသွားတော့ လာကြည့်သော လူတွေအကုန်လုံး ပြန်နေကြပြီ ဖြစ်သည်။ရီယန်လည်း လူတွေ မြင်မှာစိုးရိမ်၍ ငိုနေသော ဒါလီ့ကို ပွေ့ချီကာ အိမ်သို့ပြန်ရန် ပြင်လေသည်။ သူ့ရင်ခွင်ထဲက ကောင်မလေးကတော့ အငိုမတိတ်သေးပေ။ ရီယန်လည်း သူမ၏ ငယ်ငယ်လေးနှင့် ဘဝကို ဘယ်လိုဖြတ်သန်းလာရလည်း ဆိုတာ မသိပေမဲ့ ကိုယ်မြတ်နိုးသောသူကို ဆုံးရှုံးရသည့် ဒုက္ခကိုတော့ ခံစားဖူးပါသည်။ ငိုပါစေ......ငိုမှလည်း စိတ်သက်သာရာ ရမှာပေါ့။
ရီယန် နားကြားမှာတာပဲလားမသိ။ ဘုရင်မက သူမအမေဖြစိလေသည်။ သို့သော် နားမလည်နိုင်။ ဘုရင်မက သူ့အမေဆိုလျှင် သူမသည် နဂါးသွေးစစ်စစ်ပါရပေမည်။ မဟုတ်မှလွဲရော.....ဒီကလေးမလေးက တရားမဝင်ကလေးလား။
အိမ်အပြန်လမ်းတွင် ရီယန်ကလည်း သူ့အတွေးနဲ့သူ၊ ဒါလီကလည်း သူမအတွေးနဲ့သူမ ဖြစ်လေသည်။ ဘာလို့စစ်ဖြစ်ရတာလဲ....မေမေဘာ အပြစ်များ လုပ်မိလို့လဲ။ သခင်လေးကရော ဘယ်လိုဖြစ်သွားတာလဲ။ နားမလည်တော့ဘူး။ ရူးချင်လာပြီ။ မဟုတ်မှလွဲရော.....စစ်ဖြစ်တာ ငါ့ကြောင့်များလား။ ဒါပေမဲ့ ကျွန်တစ်ယောက် ကြောင့်အတွက်နဲ့တော့ စစ်မဖြစ်လောက်ပါဘူး။ ဘာကြောင့်များလဲ.....
ပြီးတော့ မေမေဒါလီ့ကို ကြည့်ပြီးပြောတဲ့ သူမရဲ့နောက်ဆုံးစကားက ဒါလီ့ရင်ကို ဓားနဲ့မွှန်လိုက်သလို ခံစားရပါသည်။ ဒါလီကို မေမေမမုန်းခဲ့ပါ.....သူမမုန်းနေသည်ဟူ၍ တွေးမိခဲ့သော ကိုယ့်အဖြစ်ကို ပြန်တွေးပြီး ရှက်မိပါသည်။ ဓားစက်နောက်မှာ ထိုင်နေသော မေမေ့ကို ဖြစ်နိုင်ရင် ဒါလီတင်းကြပ်စွာ ဖက်လိုက်ချင်ခဲ့မိသည်။ သို့သော်လည်း စိတ်လိုက်မာန်ပါ လုပ်လို့မဖြစ်ပေ.....ဒါလီ ထိုမီးထဲက ထွက်ဖို့ မကောင်းဆိုးဝါးနှင့်တောင် ပေါင်းခဲ့ရသည်။
ထို့နောက် ရုတ်တရက်ထူးဆန်းစွာပင် ဒါလီအငိုတိတ်သွာခဲ့သည်။ ထိုအခါ ရီယန်က အသံမကြားရတော့သဖြင့် ငုံ့ကြည့်မိသည်။ ဒါလီ ခေါင်းငုံ့နေရင်းကနေ မော့ပြီး ရီယန်ကို ကြည့်ကာ
STAI LEGGENDO
ရူပဒါလီရဲ့သခင်လေး
Storie d'amore#ခုမှwpထဲမှာစရေးတာမို့အားပေးကြပါနော်... အမှားပါတာရှိရင်လည်းခွင့်လွှတ်ပါ