ရူပဒါလီရဲ့ သခင်လေး

67 5 0
                                    

အခန်း ၁၅~~~~~

ကျနော် ပြာဖြစ်သွားသော အချုပ်ခန်းကို ကြည့်၍ ဒူးထောက်ထိုင်ချမိသည်။

မူးမတ်များပြောပုံ အရဆိုလျှင် ကျနော့်ဒါလီက အကျဉ်းသားတွေ နှိပ်စက်ခံရသော အခန်းထဲတွင် ရှိနေခဲ့သည်။ ကျနော့်ခန္ဓာကိုယ်ထဲတွင် ရှိသမျှ အားများအားလုံး ဆုံးရှုံးသွားသလို ၊ ကိုယ်အတွင်းရှိသော ကလီစာများအားလုံး ပြောင်းဆန်သွားသလို ခံစားရသည်။

ဒါလီလေးအခု အသက်များရှင်ပါ့မလားဟူသောစိတ်က ကျနော်ကို ကြောက်စေသည်။ ကျနော် ဒါလီလေး မရှိတော့ဘူးဆိုသော စိတ်က ကျနော့်ကို အရူးတစ်ပိုင်းဖြစ်စေလေသည်။

" ဒါလီ...ဒါလီလေး....ကိုယ့်ကလေးလေး..."

အခု မီးလောင်ပြီးတာ ၁ နာရီလောက် ရှိပြီဖြစ်သည်။ မီးက အပူချိန်အရမ်းမြင့်လွန်းလို့ တစ်နာရီအတွင် အချုပ်ခန်းသည် ပြာဖြစ်သွားလေသည်။

ကျနော်ပြာပုံထဲသွားပြီး ဒါလီလေးကို ရှာနေမိသည်။
မူးမတ်များ၊ အစေခံများက တားသော်လည်း ငါနားကပ်ရင် အကုန်သတ်ပစ်မယ်ဟု ကျုံးဝါးထားသောကြောင့် မကပ်ရဲကြတော့။

အချို့မူးမတ်များက ကျန်နေသော အရိုးများကို ကောက်သွားကြလေသည်။ ကျနော်ရှာနေရင်းနင့် ဆံထိုးတစ်ခုကို နင်းမိသွားသည်။ ကျနော်သေချာ ကြည့်မိတော့ ဒါလီ့၏ ရွှေဆံထိုးလေးဖြစ်သည်။ ဒါလီတကယ်ပဲ ကိုယ့်ကို တစ်ယောက်တည်းထားခဲ့တာလား။ ဦးမင်းဝေကတော့ အရူးတစ်ပိုင်းဖြစ်နေသော ကျနော်ကို ကြည့်ပြီး မျက်ရည်ဝဲနေမှာ သေချာသည်။

"ဒါလီ!!!"

ကျနော် ဆံထိုးလေးကို လက်ထဲတွင် ကျစ်ကျစ်ဆုပ်ပြီးအော်မိသည်။ ကျနော်၏ တစ်သက်တာအချစ်သည် ကျနော့်ဘေးနားမှ ထွက်သွားလေသည်။ ကျနော်တို့ ပေးမိသော ကတိများအား မဖြည့်ဆည်းနိုင်တော့ပေ။
မျက်ရည်များကလည်း တာကျိုးသလို ကျလာလေ၏။ ကျနော်မထိန်းချုပ်နိုင်ပါ။

ဒါရိုးရိုး မတော်တဆမီး မဟုတ်ပါ။ တစ်ယောက်ယောက် ရှို့သောမီးဖြစ်လေသည်။ ကျနော်သိသည်။ သူတို့ မတော်တဆဟု ပြောသော်လည်း လိမ်နေမှန်းကျနော်သိသည်။ ကျနော် ခြေမခိုင်မှန်းသိသော်လည်း ထရပ်မိသည်။ ကျနော် ဒါလီ့အတွက် လက်စားချေပေးမည်။ မီးရှို့တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ကျနော်သူကို လိုက်ရှာပြီး ဒီထက်ပိုဆိုးသော အသေဆိုးဖြင့် သေအောင်လုပ်မည်။ ဒါလီ့အတွက် ကျနော်ကြံခိုင်ရပေမည်။

ရူပဒါလီရဲ့သခင်​​လေးTahanan ng mga kuwento. Tumuklas ngayon